တစ်ရက်တာလုံး ရေမချိုးပဲဖြတ်သန်းခဲ့တဲ့နေ့မျိုး လူတိုင်းလုပ်ဖူးကြမယ်ထင်ပါတယ်။ ဒီလိုရေမချိုးတဲ့ရက်တွေမှာ အသိသာဆုံးသော အကျိုးသက်ရောက်မှုတစ်ခုက ခန္ဓာကိုယ်မှ အနံ့အသက်ဆိုးတွေထွက်ခြင်းပဲ ဖြစ်ပါတယ်။ အကယ်၍သာ နေ့တိုင်းလိုလိုရေမချိုးပဲနေမယ်ဆိုရင်တော့ ကိုယ်အနံ့ဆိုးထွက်ခြင်းထက်ပိုတဲ့ ဆိုးကျိုးများစွာ သင့်ခန္ဓာကိုယ်မှာသက်ရောက်မှုရှိလာနိုင်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) အရေပြားပြဿနာတွေဖြစ်လာမယ်

Source : Shutterstock

အရေပြားဆိုတာ ဖုန်တွေ ဘက်တီးရီးယားပိုးမွှားတွေ ကပ်တွယ်လို့အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ နေ့တိုင်းလိုလို ရေချိုးသန့်စင်ပေးခြင်းမရှိရင် အရေပြားပေါ်မှာ ဖုန်တွေ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေစုပြုံလာနိုင်ပြီး အရေပြားခြောက်သွေ့ယားယံခြင်း နီမြန်းခြင်း အသားအရေညစ်နွမ်းခြင်း ဝက်ခြံထွက်ခြင်း စတဲ့အရေပြားဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

(၂) မကြာခဏဖျားနာလာမယ်

Source : Shutterstock

လူတိုင်းလူတိုင်း နေ့စဉ်ထိတွေ့ကိုင်တွယ်နေတဲ့ လက်ကိုင်ဖုန်းတွေ တံခါးလက်ကိုင်တွေ ဘတ်စ်ကားလိုနေရာတွေမှာ ဘက်တီးရီးယားပိုးမွှားတွေ မှို နဲ့ အညစ်အကြေးတွေ များစွာရှိတယ်ဆိုတာ သံသရဖြစ်စရာမရှိနိုင်ပါဘူး။ သင့်ခန္ဓာကိုယ်ကို ရေချိုးသန့်စင်ခြင်းမရှိရင် အဆိုပါသင်ထိတွေ့ကိုင်တွေထားတဲ့နေရာတွေမှ ရောဂါပိုးမွှားတွေဟာ ပါးစပ် ၊ နှားခေါင်းတွေကနေ တဆင့် ခန္ဓာကိုယ်တွင်းသို့အလွယ်တကူဝင်ရောက်လာနိုင်ပြီး ဖျားနာခြင်းနဲ့ ကူးစက်ရောဂါတွေဖြစ်လာနိုင်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းစေတယ်

Source : Shutterstock

တကယ်တော့ ချွေးမှာအနံ့အသက်မရှိပါဘူး။ ခန္ဓာကိုယ်ကထွက်လာတဲ့ ချွေးနဲ့ အရေပြားမှာကပ်ညှိတွယ်နေတဲ့ ဘက်တီးရီးယားတွေပေါင်းစပ်ပြီးမှ ဆိုးရွားတဲ့အနံ့အသက်တွေထွက်ပေါ်လာစေတာပါ။ ရေမချိုးရင်တော့ သေချာပေါက် သင့်ခန္ဓာကိုယ်အနံ့အသက်က ဆိုးရွားနေမှာဖြစ်ပြီး လူကြားထဲသွားလာတဲ့အခါ ၊ လူတွေနဲ့ ထိတွေ့ဆက်ဆံပြောဆိုတဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာမှာဖြစ်ပါတယ်။

(၄) လေးလံထှိုင်းမှိုင်းနေမယ်

Source : Shutterstock

ရေချိုးခြင်းက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေတာကြောင့် တစ်နေ့တာကို အစပြုတဲ့မနက်ခင်းတွေမှာ ရေချိုးခြင်းနဲ့ စတင်ကြတာပါ။ သင့်အနေနဲ့ ရေမချိုးပဲနေမိတယ်ဆိုရင်တော့ အဆိုပါတစ်နေ့တာလုံးက စိတ်ညစ်နွမ်းနေမှာဖြစ်ပြီး လန်းဆန်းမှုတွေပျောက်ဆုံးနေပါလိမ့်မယ်။ ရေချိုးပျင်းတယ်ဆိုရင်တောင် အကောင်းဆုံးကတော့ အနည်းဆုံးတစ်ရက်ကိုတစ်ကြိမ်ခန့် ရေချိုးပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။