ဗီတာမင် A ၊ C ၊ E ၊ ဗီတာမင် B6 ၊ ပိုတက်ဆီယမ် ၊ အမိုင်နိုအက်စစ် ၊ ဇင့် နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီးဟာ ခန္ဓာကိုယ်ကျန်းမာ ရေးအတွက် များစွာအထောက်အပံ့ပေးသလို အသားအရေအတွက်လည်း ကောင်းကျိုးတွေပေးစွမ်းတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အသားအရေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးပြီး အိုမင်းရင့်ရော်ခြင်းကိုလျော့ချပေးတာကြောင့် ငှက်ပျောသီးဟာ ဈေးသက်သာပြီးထိရောက်တဲ့ အလှအပဆိုင်ရာ သဘာဝပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ငှက်ပျောသီးကို အလှအပရေးရာအတွက် ဘယ်လိုသုံးနိုင်လဲ ၊ ဘယ်လိုကောင်းကျိုးတွေရှိလဲ ဆိုတာပြောပြပေးမှာဖြစ်ပါတယ်။
(၁) အစိုဓာတ် ထိန်းပေးတယ်

Source : Boldsky.com
ငှက်ပျောသီးဟာ ခြောက်သွေ့တဲ့အရေပြားကို အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး သဘာဝအတိုင်း နူးညံ့ချောမွေ့စေပါတယ်။ ငှက်ပျောသီးအမှည့်ကို ကြေညှက်အောင်ချေပြီး မျက်လုံးနှင့် ပါးစပ် အနီးတဝိုက်မှလွဲ၍ မျက်နှာအနှံကို ကြိတ်ချေထားတဲ့ ငှက်ပျောသီးအနှစ်လေးတွေလိမ်းပေးပါ။ ၁၀ – ၁၅ မိနစ်ခန့်ထားပြီးရင် ရေးဆေးချလိုက်ပါ။ အစိုဓာတ်ပြည့်ဝပြီး နူးညံ့ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
(၂) အဆီပြန်ခြင်းကို သက်သာစေတယ်

Source : MdeMulher
အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်လည်း ငှက်ပျောသီးက အသုံးတည့်စေပါတယ်။ ငှက်ပျောသီးတစ်လုံး ၊ သံပုရာသီးတစ်စိတ် ၊ ပျားရည်အနည်းငယ်တို့ကိုရောမွေပြီး မျက်နှာအနှံ့ကို ညှင်သာစွာနှိပ်နယ်၍ လိမ်းပေးရပါမယ်။ ၁၀ မိနစ်ခန့်နေရင်တော့ ရေစိုအဝတ်ဖြင့် ညှင်သာစွာပွတ်ချပေးပါ။ သို့မဟုတ်လည်း ရေအေးဖြင့် မျက်နှစ်သစ်လိုက်လို့ရပါတယ်။ တစ်ပတ်၂ ကြိမ်လောက်လုပ်ပေးရုံနဲ့ အဆီပြန်ခြင်းကို သက်သာစေမှာပါ။
(၃) အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေ လျော့နည်းစေတယ်

Source : Exame
အိုမင်းရင့်ရော်ခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့ မျက်နှာပေါ်မှာ အစက်အပျောက်တွေ အရေးအကြောင်းများဖြစ်ပေါ်ခြင်းကို သက်သာစေတာကြောင့် ငှက်ပျောသီးကို သဘာဝ botox လို့တောင် ပြောကြပါတယ်။ ငှက်ပျောသီး တစ်လုံး ၊ ဒိန်ချဉ်တစ်ဇွန်း ၊ သံပုရိုသီး တစ်စိတ်ခန့်ကို သမအောင်ရောမွေပြီး မျက်နှာအနှံ လိမ်းပေးပါ။ ၁၅ မိနစ်ခန့်ထားပြီးရင် ရေဆေးချလိုက်လို့ရပါပြီး။ မျက်နှာပေါ်မှာဖြစ်တက်တဲ့ အရေးအကြောင်းတွေ အမဲစက်တွေကို လျော့နည်းစေပြီး နုပျိုတင်းရင်းတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
(၄) ဝက်ခြံတွေကို ရှင်းထုတ်ပေးတယ်

Source : SoulTree
ငှက်ပျောခွံက ဝက်ခြံတွေကိုကုသပေးနိုင်တဲ့ အထိရောက်ဆုံးအိမ်တွင်းကုထုံးတစ်ခုပါပဲ။ ဝက်ခြံဖြစ်ပေါ်တဲ့ နေရာတစ်ဝက်ကို ငှက်ပျောခွံရဲ့ အတွင်းဘက်အသားလေးတွေနဲ့ ညင်သာစွာလိုက်လံပွတ်ပေးမယ်ဆိုရင် အသားအရေရောင်ရမ်းခြင်းနှင့် အရေပြားပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားသန့်စင်ပေးပြီး ဝက်ခြံတွေကိုလျော့ပါးစေနိုင်ပါတယ်။
