ချစ်သူနှစ်ဦးကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးတည်ဆောက်ချင်တယ်ဆိုရင် လိုက်နာသင့်တဲ့ စည်းမျဉ်းတွေရှိပါတယ်။ တချို့ စည်းမျဉ်းလေးတွေက အသေးအမွှားကိစ္စလေးတွေလို့ ထင်ရပေမယ့် အမှန်တကယ်လိုက်နာမယ်ဆိုရင် သင်တို့ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ခိုင်မြဲလာစေမှာဖြစ်ပါတယ်။

(၁) လွတ်လပ်ခွင့်ကို အတင်းအကျပ် မပိတ်ပင်ပါနဲ့

Source : Shutterstock

ချစ်တယ်ဆိုတဲ့ နောက်မှာစိတ်မချတာ သဝန်ကြောင်တာတွေ ပါလာတက်ပါတယ်။ ဒီအခါမှာ ကိုယ်ချစ်သူရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်မိတာမျိုး အတင်းအကျပ် ပိတ်ပင်မိတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုထက်ကျော်လွန်ပြီး လွတ်လပ်မှုကိုပိတ်ပင်ခံရရင် ပျော်နိုင်မှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ချစ်ပါ။ သို့သော် ကိုယ့်ချစ်သူရဲ့ လွတ်လပ်ခွင့်ကိုလည်း တန်ဖိုးထားပေးပါ။

(၂) နောက်ကြောင်းပြန်မလှန်ပါနဲ့

Source : Shutterstock

အတိတ်မှာကောင်းခဲ့တာတွေရှိသလို မကောင်းတဲ့ပုံရိပ်တွေ လုပ်ရပ်တွေလည်း လူတိုင်းရှိခဲ့ဖူးကြမှာပါ။ သို့သော်လည်း ချစ်သူနှစ်ဦးကြားမှာ အဆင်မပြေမှုတစ်စုံတစ်ရာ ပြဿနာတစ်စုံတစ်ရာဖြစ်တိုင်း အတိတ်က အမှားတွေကို ပြန်လှန်ပြောပြီး အပြစ်ဖို့နေမယ်ဆိုရင် လက်ရှိအခြေအနေမှာအဆိုးတွေပိုများလာနိုင်တာက လွဲရင် ကောင်းကျိုးမရှိနိုင်ပါဘူး။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပြီး လက်ရှိအချိန်နဲ့ အနာဂတ်ကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။

(၃) တစိမ်းတွေ ရှေ့မှာတန်ဖိုးထားပါ

Source : Shutterstock

ဘော်ဒါအပေါင်းအသင်းတွေ သူငယ်ချင်းတွေရှေ့မှာ ကိုယ့်ချစ်သူကိုပိုပြီး တန်ဖိုးထားတယ်ဆိုတာ ပြသဖို့ လိုပါတယ်။ ကိုယ်က ဆော်ကိုနိုင်တယ် ၊ ဆော်မကြောက်ဘူးဆိုတဲ့ တလွဲဂုဏ်ဆာမှုတွေနဲ့ တစိမ်းတွေရှေ့မှာ ကိုယ်ချစ်သူကို တန်ဖိုးမထားတဲ့အပြုအမူမျိုးတွေ ရှောင်ကျဉ်သင့်ပါတယ်။ ဒီလိုလုပ်ရပ်တွေက သင့်တို့နှစ်ဦးရဲ့ဆက်ဆံရေးကို တဖြေးဖြေးကျိုးပဲ့ ပျက်စီးလာနိုင်လို့ပါ။

(၄) ကိုယ်ပိုင်အချိန်တွေကို မနှောက်ယှက်ပါနဲ့

Source : Shutterstock

ချစ်သူရည်းစားမှမဟုတ်ပါဘူး လူတစ်ယောက်ချင်းစီတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အချိန်ဆိုတာ ရှိပါတယ်။ ကိုယ်ပိုင်အားလပ်ချိန်မှာ ဝါသနာပါတဲ့အရာတွေလုပ်ချင်လုပ်နေမယ် ၊ အနားယူချင်ယူမယ် စသည်ဖြင့်ပေါ့။ သင့်အနေနဲ့ ချစ်တယ်ဆိုရုံနဲ့ အတ္တကြီးချင်လို့တော့ မရပါဘူး။ ကိုယ့်ကိုပဲအချိန်ပေးရမယ် ကိုယ်နဲ့ပဲစကားပြောရမယ် အားလပ်ချိန်တွေကိုကိုယ်နဲ့ပဲ ကုန်ဆုံးရမယ်ဆိုတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်ချစ်သူရဲ့ ကိုယ်ပိုင်အချိန်တွေကို မဖျက်စီးမိဖို့ အကြံပြုပါရစေ။