ကွီးစာဖတ်ပရိတ်သတ်တွေအတွက် အခုက မာလကာသီးပေါ်တဲ့ရာသီဖြစ်တော့ မာလကာသီးစားခြင်း ရဲ့အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။ မာလကာသီးတွေဟာ ဆေးဘက်ဆိုင်ရာအာဟာရ တန်ဖိုးမြင့်မားမှုကြောင့် အသီးဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ၁၀၀ ဂရမ် မာလကာသီးတစ်လုံးမှာ ၆၈ ကယ်လိုရီနဲ့ သကြားဓါတ် ၈.၉၂ဂရမ် ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်ဓါတ်ပေါကြွယ်ဝစွာပါဝင်သလို သတ္တုဓါတ်လည်း ပါဝင်နေပါတယ်။ မာလကာသီးရဲ့ နောက်ထပ်အကျိုးကျေးဇူးတွေကတော့
(၁) ကိုယ်ခံအားမြင့်စေတယ်

Source : Shutterstock
မာလကာသီးမှာ လိမ္မော်သီးလိုပဲ ဗီတာမင်စီကြွယ်ဝစွာပါဝင်တဲ့အတွက် ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေ၊ ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးပြီး ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်စီက မျက်စိအမြင်အာရုံကောင်းအောင်လည်း အထောက်အကူပြုပါတယ်။
(၂) ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ချပေးတယ်

Source : Shutterstock
မာလကာသီးမှာပါဝင်တဲ့ ဗီတာမင်စီ၊ lycopene နဲ့ တခြားဓါတ်တွေက ကင်ဆာဆဲလ်ဖြစ်ပေါ်ကြီးထွားမှုကို တားဆီးပေးပါတယ်။ မာလကာသီးတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်တားဆီးပေးခဲ့တာတွေ ရှိသလို ရင်သားကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
(၃) ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်

Source : Shutterstock
နောက်ထပ်မာလကာသီးတွေမှာ ဆီးချိုရောဂါဖြစ်ပွားမှုကိုတားဆီးပေးတဲ့ fiber နဲ့ glycaemic index တွပါဝင်လို့ ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ Fiber ပါဝင်မှုကြောင့် သွေးတွင်းသကြားဓါတ်ပမာဏကိုပုံမှန်ဖြစ်စေပြီး glycaemic index က သကြားဓါတ်မြင့်တက်မှုကို ထိန်းချုပ်ပေးပါတယ် ။
(၄) ကိုယ်ဝန်ဆောင်ချိန်မိခင်တွေအတွက်သင့်တော်တယ်

Source : Shutterstock
မာလကာသီးစားသုံးခြင်းက ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း မိခင်ရောကလေးပါလိုအပ်တဲ့ဓါတ် တွေရစေပါတယ်။ သန္ဓေသားရဲ့အာရုံကြောစနစ်ကို ဖွံဖြိုးလာစေပြီး အာရုံကြောဆိုင်ရာရောဂါများမှကာကွယ်ပေးတဲ့ ဖောလစ်အက်ဆစ်နဲ့ဗီတာမင် B9 ဓါတ်တွေလည်း ပါဝင်ပါတယ်။
(၅) ကိုယ်အလေးချိန်ကျအောင်ကူညီပေးတယ်

Source : Shutterstock
မာလကာသီးတစ်လုံးဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကိုထိန်းညှိပေးပြီး နေထိုင်ရကောင်းစေပါတယ်။ မာလကာသီးအစိမ်းမှာ ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီးတွေထက်စာရင် သကြားပါဝင်မှုလည်းနည်းပါးတဲ့အတွက် တကယ်လို့ သင်ကဝိတ်ချဖို့ကြိုးစားနေသူတယောက်ဆိုရင် မာလကာသီးကအကောင်းဆုံးအသီးတစ်မျိုးဖြစ်မှာပါ။
