မိခင်ဘာသာစကားမဟုတ်တဲ့ တခြားသောဘာသာ စကားအသစ်တစ်ခုခုကို သင်ယူတဲ့အခါ အခက်အခဲတွေ စိတ်ရှုပ်ထွေးစရာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဘာသာ စကားကျွမ်းကျင်ပညာရှင်တွေကတော့ ဘာသာစကားအသစ်တစ်ခုကို လေ့လာသင်ယူတဲ့အခါ လွယ်ကူစေဖို့ လျင်မြန်စွာကျွမ်းကျင်တက်မြောက်နိုင်ဖို့ နည်းလမ်းကောင်းတချို့ကို လမ်းညွှန်ထားပါတယ်။ ဘာသာစကားအသစ်သင်ယူရာမှာ ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းကောင်းတွေကတော့

(၁) ပုံမှန်လေ့လာပါ

Source : Shutterstock

ဘာသာစကားအသစ်တစ်ခု လေ့လာသင်ယူတဲ့အခါ ကောက်ရိုးမီးလိုမဖြစ်စေဖို့ အလွန်အရေးကြီးပါတယ်။ စိတ်ပါတဲ့အချိန်မှထပြီး အချိန်ကြာကြီးလေ့လာတာထက် နေ့စဉ်ပုံမှန် ၁ နာရီဖြစ်ဖြစ် အချိန်တစ်ခုသတ်မှတ်ကာ တစိုက်မတ်မတ် လေ့လာသွားတာက ပိုပြီးထိရောက်ပါတယ်။ အဓိက စိတ်ရှည်ရှည်နဲ့ နေ့စဉ်ပုံမှန် တစ်နာရီလောက် လေ့လာသွားရင်ပဲ ထိရောက်မှုရှိစေမှာဖြစ်ပါတယ်။

(၂) နယ်ပယ်ပေါင်းစုံကလေ့လာပါ

Source : Shutterstock

ဘာသာစကားသင်ယူတဲ့အခါမှာ သင်တန်းတက်တာ သင်တန်းကပေးတဲ့စာတွေဖတ်တာကဲ့သို့ သမားရိုးကျနည်းလမ်းတွေနဲ့ပဲ လေ့လာနေမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ပျင်းရိသွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တခြားသော E-book တွေ ၊ ရုပ်ရှင်ဇာတ်ကားတွေ ၊ သီချင်းတွေ ၊ ဝါသနာပါတဲ့အကြောင်းအရာတွေကနေလည်း ဘာသာစကားကိုလေ့လာလို့ရနိုင်ပြီး ဒီလိုနယ်ပယ်ပေါင်းစုံကနေ လေ့လာတာက ပိုပြီးလျင်လျင်မြန်မြန်တက်မြောက်စေနိုင်ပါတယ်။

(၃) လက်တွေ့အသုံးချပါ

Source : Shutterstock

ကိုယ့်လေ့လာနေတဲ့ ဘာသာစကားကို နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချတာက ပိုပြီးမှတ်မိလွယ်စေသလို ကျွမ်းကျင်တက်မြောက်မှုနှုန်းလည်း မြန်ဆန်စေပါတယ်။ ဒါကြောင့် ကိုယ်လိုပဲဘာသာစကားလေ့လာနေတဲ့ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ များများပြောတာမျိုး ၊ ကိုယ့်အနီးနားကမြင်တွေ့နေရတဲ့ ပစ္စည်းကိရိယာတွေရဲ့နာမည်ကို အသံထွက်ပြီးပြောကြည့်တာမျိုး ၊ နောက်ဆုံး မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ့်ကို မိတ်ဆက်စကားပြောတာမျိုး စတဲ့နည်းလမ်းတွေနဲ့ လက်တွေ့အသုံးချပြီးလေ့လာကြည့်ပါ။

(၄) မှတ်စုစာအုပ်ထားပါ

Source : Shutterstock

အိမ်မှာစာလေ့လာတဲ့အချိန်ဖြစ်စေ လမ်းသွားရင်းဖြစ်စေ ကိုယ်မသိသေးတဲ့စကားလုံးအသစ်တစ်ခု တွေ့ခဲ့တယ်ဆိုရင် ကိုယ့်ရဲ့မှတ်စုစာအုပ်မှာ မှတ်သားထားပါ။ ဘာသာစကားအသစ်တစ်ခုမှာ ကိုယ်မသိသေးတဲ့စကားလုံးတွေ စကားစုတွေ အသံထွက်တွေက အများကြီးရှိနေနိုင်တာကြောင့် ကိုယ်နဲ့မရင်းနှီးသေးတဲ့ စကားလုံးအသစ်တွေကို မှတ်စုရေးမှတ်ထားခြင်းက သင့်ကို ပိုမှတ်မိလွယ်စေပြီး အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန်တက်မြောက်စေမှာဖြစ်ပါတယ်။