လူအများစုက အချိန်ကြာကြီး တစ်ကိုယ်တည်းနေကြတဲ့သူတွေကို မေးခွန်းထုတ်ချင်ကြပါတယ်။ ဘာကြောင့်ချစ်သူရည်းစားမထားတာလဲ ဆိုတာမျိုးပေါ့။ လူတော် တော်များများကလည်း ချစ်သူရည်းစားမရှိကြတဲ့သူတွေကို ” ရည်းစားထားကြည့်ပါလား ၊ လူရယ်လိုဖြစ်လာရင် ဘဝအတွက် ဆေးပေးမီးယူလေးတော့ ရှိသင့်တယ်နော်” စသည်ဖြင့်အကြံပေးစကားတွေ ပြောတက်ကြပါတယ်။တကယ်တော့ တစ်ကိုယ်တည်းနေကြသူတွေအများစုက လူတွေထင်နေသလို ချစ်သူရည်းစားထားချင်ပေမယ့် မရလို့ပါဆိုတာထက် နောက်ကွယ်မှာ ဒီအချက်တွေရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။

(၁) အချိန်မပေးနိုင်လို့

Source : Shutterstock

ကိုယ့်ဘဝထဲကတန်ဖိုးရှိတဲ့ အချိန်တွေကို တခြားသူတွေအတွက် ဖဲ့ပေးရတာမျိုးမလိုလားတဲ့သူတွေဟာ ရည်းစားမထားပဲ တစ်ယောက်တည်းနေမိ သွားတက်ပါတယ်။ ဟုတ်ပါတယ် ချစ်သူရည်းစားထားပြီဆိုတာနဲ့ ကိုယ့်ဘဝထဲက အချိန်တချို့တဝက်ကို သေချာပေါက်ခွဲပေးရတော့မှာပါ။ ရည်းစားနဲ့ ဖုန်းပြောရတဲ့အချိန်တွေ ၊ သွားတွေ့ရတဲ့အချိန်တွေ ၊ ညဉ့်နက်သန်းခေါင်အထိ အွန်းလိုင်းပေါ်ကနေ စကားပြောရတဲ့အချိန်တွေမှာ ဘဝအတွက် ကြိုးစားနေတာ ၊ ရည်းမှန်းချက်တွေပြည့်ဝအောင်လုပ်ဆောင်တာ ၊ အလုပ်တွေပိုလုပ်ရတာက အချိန်ကုန်ရကျိုး ပိုနပ်တယ်လို့ ခံယူထားကြသူတွေဖြစ်ပါတယ်။

(၂) ချုပ်နှောင်မှုတွေ မကြိုက်လို့

Source : Shutterstock

ရည်းစားထားလိုက်ပြီဆိုတာနဲ့ အနည်းဆုံးတော့ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာတွေကို ကိုယ့်ချစ်သူထံ အသိပေးကြရတာပဲ မဟုတ်လား။ တချို့ကိစ္စတွေက ကိုယ့်အတွက် သာမာန်ပဲဆိုပေမယ့် ချစ်သူရည်းစားအနေနဲ့ကတော့ ခွင့်မပြုတာ ပိတ်ပင်တာမျိုးတွေ ရှိတက်ပါတယ်။ ဒီလိုမျိုး လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့် လွတ်လပ်ခွင့်တွေကို ပိတ်ပင်ခံရတာ ချုပ်နှောင်ခံရတာမျိုးတွေကို မကြိုက်တဲ့သူတွေ ကိုယ့်ဘဝကိုယ် အပြည့်အဝပိုင်ချင်တဲ့သူတွေကလည်း ရည်းစားမထားပဲ တစ်ယောက်တည်းနေတက်ကြပါတယ်။

(၃) ဦးစားပေးရမယ့် အရာတွေရှိလို့

Source : Shutterstock

ကိုယ့်ဘဝမှာ ဦးစားပေးရမယ့်အရာတွေရှိနှင့်နေပြီးသား လူတွေအနေနဲ့လည်း ချစ်သူမထားပဲ တစ်ယောက်တည်းနေကြတာများပါတယ်။ ဥပမာ – ပညာရေးကိုဦးစားပေးဖို့ ဆုံးဖြတ်ထားသူတွေ ၊ မိသားစုကိုဦးစားပေးဖို့ ဆုံးဖြတ်ထားသူတွေ ၊ ဘဝမှာရူးရူးမူးမူးဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက် ဘဝရည်မှန်းချက်ခိုင်ခိုင်မာမာတစ်ခုရှိသူတွေအနေနဲ့လည်း ဒီအရာတွေထက်ကိုပိုပြီး ချစ်သူရည်စားဆိုတာကို ဦးစားမပေးနိုင်ကြလို့ပါ။ ချစ်သူနဲ့ ကိုယ့်ဘဝရဲ့နံပါတ်တစ်ဆိုတဲ့အရာတွေကို ယှဉ်ပြီးရွေးခိုင်းမယ်ဆိုရင်တောင် တွေဝေမှုမရှိပဲ ကိုယ့်ဘဝရဲ့ ဦးစားပေးအရာတွေကို ရဲရဲဝံ့ဝံ့ရွေးကြမယ့် သူတွေဖြစ်ပါတယ်။

(၄) တစ်ယောက်တည်းနေရတာကြိုက်လို့

Source : Shutterstock

အရင်က ချစ်သူရည်းစားထားခဲ့ချင် ထားခဲ့ဖူးပါလိမ့်မယ်။ သို့သော် တစ်ယောက်တည်းနေရတဲ့ ဖီးလ်က ကိုယ်ကိုပိုပြီးပျော်ရွင်စေတယ် ၊ ညှိနှိုင်းရတာတွေ သိပ်မလုပ်ချင်ဘူး ၊ စိတ်ညစ်ရမယ့်အရာတွေ စိတ်ရှုပ်ရတဲ့ပြဿနာတွေကို မဖြေရှင်းချင်ဘူး ၊ အေးအေးဆေးဆေးပဲနေချင်တယ် ၊ အားလပ်ချိန်တွေမှာ ဘော်ဒါတွေနဲ့ပဲတွေ့တွေ့ ၊ ဂိမ်းပဲဆော့ဆော့ ၊ အိပ်ပဲနေနေ ကိုယ့်ကိုနားပူနားဆာလုပ်မယ့်သူ မရှိတဲ့ဘဝကိုပိုကြိုက်တယ် ၊ အမှီအခို ကင်းကင်းနေချင်တယ် ၊ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းရလို့လည်း ဝမ်းနည်းတာမျိုးမရှိဘူး ၊ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရတာ ပိုကြိုက်တယ်ဆိုသူတွေကလည်း ချစ်သူမထားပဲ တစ်ကိုယ်တည်း နေတက်ကြတဲ့သူတွေပါပဲ။