ဝတဲ့သူတွေအနေနဲ့ ဝိတ်ချရတာဟာ လွယ်ကူပေမယ့် နဂိုပိန်တဲ့သူတွေအတွက်တော့ ဝိတ်တက်အောင်လုပ်ဖို့ မလွယ်ကူပါဘူး။ အရမ်းဝလွန်းတာက ကျန်းမာရေးအတွက်မကောင်းသလို အရမ်းပိန်လွန်းတာကလည်း ရေရှည်ကျန်းမာရေးအတွက် မကောင်းပါဘူး။
ဒီနေ့ kwee page ကပိန်တဲ့သူတွေ ကြွက်သားတွေ မြန်မြန်တက်လာစေဖို့အတွက် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။
ကယ်လိုရီတွေ လုံလုံလောက်လောက် စားပေးပါ

Source: Pinterest
ဝိတ်ချနေသူတွေအနေနဲ့ ကယ်လိုရီပမာဏ လျှော့ပြီးစားပေးသင့်တယ်ဆိုပေမယ့် ပိန်တဲ့လူတွေအနေနဲ့ကတော့ လုံလောက်တဲ့ ကယ်လိုရီ ပမာဏ စားသုံးပေးဖို့လိုအပ်ပါတယ်။ အများကြီး စားပေးစရာမလိုပါဘူး။ တစ်နေ့ကို ကယ်လိုရီပမာဏ အနည်းငယ်လောက်ပါအောင် စားပေးရင် လုံလောက်ပါတယ်။
ပရိုတင်း များများစားပါ

Source: Eat This, Not That
ပရိုတင်းဓာတ်ဟာ ကြွက်သားထု တည်ဆောက်ဖို့အတွက် မရှိမဖြစ် အာဟာရဓာတ်ဖြစ်ပါတယ်။ ပရိုတင်းဟာ ကြွက်သားထုအတွက်သာမက ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်။ အားအင်ဖြစ်စေတယ်။ အမောခံနိုင်စေလို့ အားကစားလုပ်တဲ့နေရာမှာလည်း ပိုပြီး အားအင်စိုက်ထုတ်နိုင်စေပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပရိုတင်းဓာတ်ပိုစားပေးဖို့လိုအပ်ပါတယ်။
ကစီဓာတ်စားပေးပါ

Source: Diet Doctor
ကစီဓာတ်ဟာ ခန္ဓာကိုယ်အတွက် ကုန်ဆုံးသွားတဲ့ အားအင်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။ တစ်ကြိမ်ထဲနဲ့ အများကြီးစားတာထက် ပမာဏနည်းနည်းစီကို အကြိမ်ရေများများ နေ့စဉ်စားပေးနိုင်ရင် ပိုကောင်းပါတယ်။
အလေးမ ပါ

Source :AskMen
အလေးမတယ်ဆိုတာ အမျိုးသားတိုင်းအတွက် အရေးပါတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေကို အဓိက သန်မာစေပြီး အရိုးအဆစ်တွေ ကြံ့ခိုင်စေတယ်။ အမောလည်း ခံနိုင်စေပြီး လေ့ကျင့်ခန်းလုပ်ဖို့ အားပိုသုံးနိုင်တယ်။ ကိုယ်ခန္ဓာက အလေးမတာကို ကျင့်သားရလာတဲ့အခါ တဖြည်းဖြည်းနဲ့ အလေးပမာဏကို မြှင့်ပေးသင့်ပါတယ်။
ကြွက်သားထု တည်ဆောင်နေတဲ့အချိန်မှာ အိပ်ရေးဝဝအိပ်ဖို့လိုအပ်ပါတယ်။ ပြီးတော့ မကြာခဏ အစာစားပါ။ စားတဲ့အခါမှာလည်း အဓိက ပရိုတင်း၊ ကစီဓာတ်၊ ကယ်လ်စီယမ်နဲ့ ကယ်လိုရီပါဝင်မှုများတဲ့ အစားအစာတွေကို များများစားပေးပါ။ များများစားပါ။ ပိန်နေတဲ့သူတွေအတွက်တော့ ပမာဏနည်းနည်း စားတာက အစာစားချင်စိတ်ကို ပိုပြီး နည်းသွားစေနိုင်တဲ့အတွက် တစ်ခါစားရင် ပမာဏများများ အစာစားပေးတာ ပိုကောင်းပါတယ်။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် ဘာကောင်းကျိုးမှလည်း မဖြစ်စေသလို ကိုယ်ခန္ဓာကြွက်သားထုကို ဆုံးရှုံးသွားစေနိုင်တာကြောင့် ဒီမကောင်းတဲ့အကျင့်ကို ဖျောက်ဖို့တော့ အကြံပေးချင်ပါတယ်။
