ယနေ့ခေတ်မှာ အလုပ်တစ်ခုရဖို့ဆိုတာ မလွယ်ကူပါဘူး။ ပြီးတော့ အလုပ်ရပြီဆိုရင်လည်း အလုပ်မပြုတ်အောင် ထိန်းသိမ်းဖို့ကလည်း စိတ်ခေါ်မှုတစ်ခုလိုဖြစ်နေပါပြီ။ ဒါပေမယ့် အလုပ်အကြောင်း ကောင်းကောင်းနားလည်မယ် ပြီးတော့ အလုပ်ကချမှတ်တဲ့ စည်းကမ်းတွေကိုလည်း နားလည်သဘောပေါက်ပြီး လိုက်နာဆောင်ရွှတ်မယ်ဆိုရင် အလုပ်ပြုတ်ဖို့ စိတ်မပူရပါဘူး။ ဒီနေ့ kwee page က အောင်မြင်တဲ့ ဝန်ထမ်းကောင်းတွေမှာရှိတဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးသွားမှာပါ။

အချိန်မှန်တယ်

Source: The Muse

အချိန်တိကျမှန်ကန်ခြင်းက အောင်မြင်ခြင်းရဲ့ သော့ချက်တစ်ခုပါပဲ။ ဒါပေမယ့် တစ်ချို့လူတွေမှာ အချိန်မှန်သွားဖို့လာဖို့အတွက် အခက်အခဲတွေရှိနေပါတယ်။ တစ်ချို့လူတွေဆိုရင် နောက်ကျပြီးမှ အလုပ်ကိုရောက်သွားတာက အကျင့်တစ်ခုလိုဖြစ်နေပါပြီ။ ဒါဟာ သင့်အလုပ်အပေါ် အများကြီး သက်ရောက်မှုရှိစေပါတယ်။

အချိန်မှန်ရမယ် အချိန်တိကျရမယ်ဆိုလို့ အလုပ်ကို အချိန်မှန်ရောက်ရင်ရပြီ ဆိုလိုခြင်းမဟုတ်ပါဘူး။ မိမိလုပ်ရမယ့် အလုပ်တွေကို အချိန်မီ ပြီးဖို့လည်း လိုအပ်ပါတယ်။ အောင်မြင်တဲ့ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အရမ်းရိုးရှင်းတဲ့ အချက်ကတော့ အချိန်မှန်ဖို့ အချိန်တိကျဖို့ပါပဲ။

အလုပ်တွေပြီးအောင်ကြိုးစားပါ

Source: The Muse

တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင်လုပ်ခြင်းက ဝန်ထမ်းကောင်းတွေရဲ့ အမူအကျင့်ပါ။ သတ်မှတ်ထားတဲ့အချိန်အတွင်း အကြောင်းအမျိုးမျိုးကြောင့် မပြီးနိုင်တော့ရင် အနည်းဆုံး (၁) နာရီစောပြီး သက်ဆိုင်ရာလုပ်ဖော်ကိုင်ဖက်နဲ့ အထက်လူကြီးကို အကြောင်းကြားပါ။ ကိုယ်ပြီးနိုင်မယ့် အချိန်ကို အသိပေးပါ။

အတင်းစကားမပြောဘူး

Source: inc.magazine

အလုပ်ထဲမှာ အလုပ်ရှင်အကြောင်း (သို့) ဝန်ထမ်းတွေအကြောင်း အတင်းစကားပြောတာလောက် ဆိုးရွားတာမရှိပါဘူး။ ဒါပေမယ့် အလုပ်ထဲမှာ အတင်းစကားပြောတဲ့လူ နှစ်ယောက် (သို့) သုံးယောက်လောက်ကတော့ ရှိစမြဲပါပဲ။ ဒါဟာ သူတို့အနေနဲ့ လုပ်ငန်းခွင်မှာ ပျင်းရိတာ (သို့) အလုပ်နဲ့ပတ်သက်ပြီး လုံခြုံမှုမရှိတာကြောင့် ဖြစ်နိုင်ပါတယ်။

အတင်းစကားပြောခြင်းကို တက်နိုင်သမျှရှောင်ရှားပေးပါ။ အတင်းပြောခြင်းက အလုပ်ကိုအနှောက်အယှက်ဖြစ်စေသလို သင့်လုပ်ဖော်ကိုင်ဖက်တွေကလည်း ကြိုက်နှစ်သက်မှာမဟုတ်ပါဘူး။ အတင်းစကားမပြောပါနဲ့။ တခြားလူတွေက လာပြောရင်လည်းနားမထောင်ပါနဲ့။ ဒီလိုဝန်ထမ်းမျိုးကို အလုပ်ရှင်တွေက ယုံကြည်မှုထားရှိတက်ကြပြီး လုပ်ငန်းခွင်မှာ အဆင်ပြေလာမှာပါ။ အတင်းစကားပြောတဲ့လူတွေကို ဘယ်သူကမှ ယုံကြည်မှုရှိမှာ မဟုတ်ပါဘူး။

အလုပ်ကို ပြီးစလွယ် မလုပ်ပါနဲ့

Source: techrepublic

အားစိုက်နိုင်သမျှ အားစိုက်ပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ အလုပ်တစ်ခုပြီးတိုင်း ပြန်သုံးသပ်ပါ။ လိုအပ်ချက်တွေကို အချိန်ရသေးရင် ထပ်ပြီး ဖြည့်စွက်ပါ။ သတ်မှတ်ထားတဲ့အချိန်အတွင်း မိမိရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းကို အကုန်သုံးပါ။ အလုပ်တစ်ခုပြီးမြောက်သွားပြီးတိုင်း နောက်လာမယ့်အလုပ်အတွက် အမြဲတမ်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါ။