အလုပ်တိုင်းက စိတ်ဖိစီးမှုအနည်းနဲ့အများရှိတက်ကြပါတယ်။ သို့သော်တချို့သော ဝန်ထမ်းတွေက ရာထူးချင်း လုပ်ဆောင်ရတဲ့ လုပ်ငန်းတာဝန်ခြင်းတူရင်တောင်မှ တခြားသူတွေထက်ကိုပိုပြီး စိတ်ဖိစီးမှုများနေကြတာ ဘာကြောင့်လို့ ထင်ပါသလဲ။ ဒီလိုလိုအပ်တာထက်ပိုပြီး အလုပ်ခွင်မှာစိတ်ဖိစီးမှုများစေတဲ့ အကြောင်းအရင်းတွေကို စာဖတ်ပရိသတ်တွေ သတိထားဆင်ခြင်နိုင်စေဖို့ မျှဝေပေးချင်ပါတယ်။

(၁) စီမံခန့်ခွဲမှုအားနည်းခြင်း

Source : Shutterstock

အလုပ်ခွင်နဲ့ပတ်သတ်ပြီး တစ်နေ့တာလုပ်ဆောင်ရမယ် လုပ်ငန်းဆောင်တာတွေကို ကောင်းစွာစီမံခန့်ခွဲမှုမရှိဘူးဆိုရင် အလုပ်ပြီးမြောက်ဖို့ မလွယ်ကူနိုင်သလို စိတ်ဖိစီးမှုလည်း ပိုများစေနိုင်ပါတယ်။ ချက်ချင်းလုပ်ဆောင်ဖို့လိုတဲ့ အရေးကြီးတဲ့အလုပ်တွေ ၊ ဘယ်အချိန်မှာဘယ်သူနဲ့တွေ့ရမယ်ဆိုတဲ့ အချိန်ဇယားတွေ စသည့်ဖြင့်တစ်နေ့တာ လုပ်ငန်းတာဝန်တွေကို ကောင်းစွာစီမံခန့်ခွဲတက်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင်တော့ အလုပ်ပိုပိလာပြီး စီဖိစီးမှုများစေမှာပါ။

(၂) အလုပ်ချိန်အတွင်းအာရုံများခြင်း

Source : Shutterstock

အလုပ်လုပ်ရင်း ဆိုရှယ်မီဒီယာတွေသုံးတာမျိုး ဂိမ်းတွေဆော့တာမျိုး လုပ်နေမိလား ၊ အလုပ်ချိန်အတွင်းမှာ အလုပ်နဲ့မသက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာအရာတွေအတွက် အချိန်ကုန်ခံနေမိပြီလား။ ဒါဆိုရင်တော့ သေချာပါတယ် သင့်ရဲ့တစ်နေ့တာအလုပ်တာဝန်တာတွေ ပြီးမြောက်မှာမဟုတ်ပဲ အချိန်တွေကုန်မှန်းမသိကုန်သွားပါလိမ့်မယ်။ အလုပ်အကြွေးတွေ တစ်ရက်ထက်တစ်ရက်ပိုများလာတာနဲ့အမျှ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေကလည်း ပိုပြီးများလာမှာဖြစ်ပါတယ်။ ဒါကြောင့်အလုပ်ချိန်အတွင်းမှာ အလုပ်ကိုပဲ အပြည့်အဝ အာရုံစိုက်ထားသင့်ပါတယ်။

(၃) နားချိန်ကောင်းကောင်းမရှိခြင်း

Source : Shutterstock

အလုပ်ကြိုးစားတယ်ဆိုတာကောင်းပေမယ့် ကိုယ့်အတွက် ကောင်းမွန်တဲ့အနားယူချိန်မပေးတဲ့အထိ အလုပ်တွေချည်းဖိလုပ်နေတာမျိုးတော့ မလုပ်သင့်ပါဘူး။ အလုပ်ချိန်မှာအလုပ်ကို အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်မယ် ၊ နားတဲ့အချိန်မှာလည်း ကောင်းစွာအနားယူပေးဖို့လိုအပ်ပါတယ်။ စိတ်နဲ့ ခန္ဓာကိုယ်ကိုကောင်းစွာအနားယူချိန်ပေးမှလည်း အလုပ်နဲ့ပတ်သတ်တဲ့ စိတ်ကူးစိတ်သန်းကောင်းတွေ ဖန်တီးမှုစွမ်းရည်တွေတိုးတက်လာမှာဖြစ်ပြီး နောက်ထပ်အလုပ်များစွာကို တက်တက်ကြွကြွလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။