နေ့စဉ်ဘဝမှာ လူတော်တော်များများက တချို့သော ကိစ္စအသေးအမွှားလေးတွေကို သတိလက်လွှတ်လုပ်မိနေတက်ကြပါတယ်။ တချို့အမူမဲ့ အမှတ်မဲ့ လုပ်မိတဲ့အရာလေးတွေက သင့်ကျန်းမာရေးထိခိုက်စေနိုင်တယ်ဆိုတာ သင်သိပါသလား။ သင့်အနေနဲ့ အခုပြောပြမယ့်အရာတွေကို လုပ်နေမိတယ်ဆိုရင် ချက်ချင်းရပ်တန့်ဖို့ အကြံပြုချင်ပါတယ်။

(၁) အကာကွယ်မဲ့ နေပူထဲထွက်ခြင်း

Source : Shutterstock

နေကာမျက်မှန်တက်ဖို့ကို လူတော်တော်များများ တွန့်ဆုတ်နေမိကြသလို ဖက်ရှင်ကျဖို့အတွက် နေကာမျက်မှန်တပ်တယ်လို့ ထင်မိတက်ကြပါတယ်။ တကယ်တော့ နေကလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ သင့်မျက်စိကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲသွားတဲ့အခါ နေကာမျက်မှန်တက်ဖို့ အကြံပြုချင်ပါတယ်။

(၂) Volume အမြင့်ဆုံးထားပြီး သီချင်းနားထောင်ခြင်း

Source : Shutterstock

သီချင်းနားထောင်တဲ့အခါ ဘေးပတ်ဝန်းကျင်က အသံတွေမကြားရလောက်တဲ့အထိ volume ကိုအမြင့်ဆုံးထားပြီး နားထောင်နေမိတယ်ဆိုရင် ဒီနေ့ကစပြီးရပ်တန့်ဖို့ အကြံပြုပါရစေ။ ကျယ်လောင်တဲ့သီချင်းသံတွေကို အချိန်တော်တော်ကြာနားထောင်တာက သင့်ရဲ့နားကို ထိခိုက်စေနိုင်သလို ယာဉ်တိုက်မှု မတော်တဆမှုကဲ့သို့ အန္တရာယ်များတဲ့အရာတွေလည်း ဖြစ်နိုင်ခြေပိုများပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း

Source : Shutterstock

ဆေးလိပ်သောက်တာက ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတယ်ဆိုတာ လူတိုင်းသိနားလည်ထားကြပါတယ်။ ဆေးလိပ်သောက်တာက သတိလက်လွတ်လုပ်မိတာအရာတစ်ခုမဟုတ်ပေမယ့် ဆေးလိပ်ရဲ့ ဆိုးကျိုး လက္ခဏာတွေက သင့်ခန္ဓာကိုယ်မှာ ချက်ချင်းပြလေ့မရှိတာကြောင့် သောက်မြဲတိုင်းသောက်နေမိတက်ပါတယ်။ အသက်ရှည်ရှည်နေချင်တယ် ရှေ့လျောက်ကျန်းကျန်းမာမာနဲ့ဘဝကို ဖြတ်သန်းနေထိုင်သွားချင်သေးတယ်ဆိုရင် ဆေးလိပ်ကို အခုကစတင်ပြီး ဖြတ်လိုက်ပါ။

(၄) ဒေါသထွက်လွယ်ခြင်း

Source : Shutterstock

စိတ်ခံစားမှုကိုဦးစားပေးသူတွေ ၊ ထစ်ခနဲဆိုဒေါသက အရင်ဆုံးထွက်တက်တဲ့သူတွေဟာလည်း ကျန်းမာရေးဆိုးကျိုးတွေခံစားရဖို့ ရာခိုင်နှုန်းများပါတယ်။ ဒေါသစိတ်ကိုမထိန်းချုပ်ပဲ လွယ်လွယ်ဒေါသထွက်တာက နှလုံးကိုထိခိုက်စေသလို စိတ်ဖိစီးမှုများခြင်း လေဖြတ်ခြင်းနဲ့ တခြားသော ကျန်းမာရေးထိခိုက်စေတဲ့ နာတာရှည်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒေါသကြီးသူတွေ ဒေါသထွက်လွယ်သူတွေအနေနဲ့ သတိပြုဆင်ခြင်ဖို့ အကြံပြုချင်ပါတယ်။