အိပ်ရာဝင်ခါနီးမှ အစားစားတဲ့ အလေ့အထက ကျန်းမာရေးရှု့ထောင့်ကကြည့်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်။ တချို့အစားအစာတွေက သင့်ကို ကိုယ်အလေးချိန်တိုးပြီး အဝလွန်ခြင်းဖြစ်လာစေနိုင်သလို ကောင်းစွာမအိပ်ပျော်စေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ အခုပြောပြမယ့်အစားအစာတွေစားခြင်းကို ရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်။

(၁) အသား

Source : Daily Mail

ကြက်သား အမဲသား ကဲ့သို့ အသားတွေဟာ ပရိုတိန်းဓာတ်မြင့်မားစွာပါဝင်ပြီး အစာချေဖျက်ချိန်ကြာတဲ့ အစားအစာတွေဖြစ်ပါတယ်။ အဆိုပါပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေက မနက်ခင်းလိုအချိန်မှာ စားဖို့သင့်တော်ပေမယ့် ညဘက်မှာစားရင်တော့ ဗိုက်ပြည့်အင်စေပြီး အိပ်မပျော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

(၂) အပူအစပ်များ

Source : Penn Medicine

ပူပူစပ်စပ် Spicy Food တွေကို အိပ်ရာဝင်ချိန်နီးမှစားမယ်ဆိုရင် ကောင်းစွာအိပ်ပျော်စေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် Spicy Food တွေက ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေတာကြောင့် အိပ်ခါနီးမှစားမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာမဟုတ်ပဲ မကြာခဏနိုးနေပါလိမ့်မယ်။ Spicy Food တွေကိုအနည်းဆုံး အိပ်ချိန်နဲ့ ၃ နာရီလောက်ခြားပြီး စားသင့်ပါတယ်။

(၃) အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေ

Source : Sada El balad

အချိုဓာတ်လွန်ကဲတဲ့အစားအစာတွေ သကြားပါဝင်မှုများတဲ့အစားအစာတွေက ကယ်လိုရီမြင်းမာတဲ့အတွက်အဝလွန်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပြီး အိပ်စက်ခြင်းကိုလည်းအနှောက်အယှက်ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီးအချိန်မျိုးမှာ ကိတ်မုန့်တွေ ဒိုးနတ် ရေခဲမုန့် အချိုရည်စတဲ့ အစားအစာတွေစားသုံးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

(၄) လက်ဖက်ရည် ၊ ကော်ဖီ

Source : The Guardian

လက်ဖက်ရည် ကော်ဖီတွေမှာပါဝင်တဲ့ ကဖိန်းဓာတ်က သင့်ကိုနိုးကြားနေစေနိုင်ပြီး လန်းဆန်းတက်ကြွစေပါတယ်။ အိပ်ချိန်နီးမှာ အဆိုပါကဖိန်းဓာတ် မြင့်မားတဲ့ အစားသောက်တွေကို စားသုံးမယ်ဆိုရင် ညဉ့်နက်တဲ့အထိ မျက်စိကြောင်နေတာ အိပ်မရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။