မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမားလည်းဖြစ်၊ လက်ရှိ ဝေလလက်ရွေးစင်အသင်းနည်းပြလည်းဖြစ်တဲ့ ရွိုင်ယန်ဂစ်ဟာ သူ့ရဲ့ ချစ်သူရည်စားဖြင်သူကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းခံရတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။
Source: The Maravi Post
ဂစ်စ်ရဲ့ ကိုယ်စာလှယ်ကတော့ ကစားသမားအနေနဲ့ သူ့အပေါ် စွပ်စွဲထားချက်တွေ အားလုံးကို ငြင်းဆန်ထားတယ်လို့ ပြောပြီး ရဲတပ်ဖွဲ့က လုပ်ဆောင်နေတဲ့ စစ်ဆေးမှုတွေမှာလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့က “အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို နာကျင်စေမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေအတွက် ဖမ်းဆီးခဲ့ပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။
Source: Malay-Mail.
ဝေးစ် ဘောလုံးအဖွဲ့ချုပ် (FAW) ကတော့ ဂစ်အနေနဲ့ နိုဝင်ဘာမှာ ကစားမယ့် ပွဲစဉ်တွေမှာ ပါဝင်နည်းပြမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုအခြေအနေကြောင့် အင်္ဂါနေ့မှာထုတ်ပြန်မယ့် လူစာရင်းကို ရွှေ့ဆိုင်းလိုက်ပြီလို့ ဝေလဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ ဝေလအသင်းဟာ အခုလအတွင်း UEFA Nations League ပွဲအပြင် အမေရိကန်အသင်းနဲ့ ကစားဖို့ရှိနေပြီး ဂစ်အနေနဲ့ ဒီ (၃) ပွဲစလုံးကို တာဝန်ယူနိုင်တော့မှာ မဟုတ်ဘူးလို့လည်း အဖွဲ့ချုပ်က အတည်ပြုပါတယ်။
Source: CNN International
ဂစ်အစား လက်ထောက်နည်းပြဖြစ်သူ ရောဘက် ပေ့ဂျ် က ဝေးစ် အသင်းကိုအစားထိုးတာဝန်ယူသွားမှာဖြစ်ကြောင်းသိရပါတယ်။ စွပ်စွဲချက်တွေအကုန်လုံးကိုကျူးလွန်ခြင်းမရှိခဲ့ဘူးလို့ နည်းပြ ရွိုင်ယန်ဂစ်က ငြင်းဆိုထားပါတယ်။