Dress Shoes တွေက အမြဲတမ်းစီးဖို့ မကောင်းသလို Sneakers တွေကလည်း နေရာတိုင်းတော့ အဆင်မပြေပါဘူး။ ပေါ့ပေါ့ပါးပါး သွားသွားလာလာ ဝတ်ဖို့ Casual Shoes တွေလည်း ရှိထားဖို့ လိုပါတယ်။ Casual Shoes တွေရဲ့ အားသာချက်က ကမ်းခြေကနေ အလုပ်ထဲအထိ စီးလို့ရတာ ဖြစ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုကို ပေးခြင်းပဲ ဖြစ်ပါတယ်။
Casual Shoe ရွေးမယ်ဆိုရင် အညိုရောင် ၊ အပြာရောင်နဲ့ အဝါနုရောင် ကာလာတွေ ရွေးချယ်နိုင်ပါတယ်။ စတိုင်အနေနဲ့ အခုပြောမယ့်ထဲက ရွေးချယ်နိုင်ပါတယ်။
(၁) Espadrilles

Photo: apetogentleman
Espadrilles ဟာ ဥရောပတောင်ပိုင်းတွေမှာ နွေရာသီရှုးစ်တွေအဖြစ် ပေါ့ပေါ့ပါးပါး စီးလေ့ရှိတဲ့ Casual Shoes တွေ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ကင်းဗတ်စ်ရှုးစ်ဒီဇိုင်းမျိုး ကြိုက်သူတွေ နောက်ပြီး ခြေညှပ်မစီးချင်သူတွေအတွက် ရွေးချယ်စရာ Footwear တစ်မျိုးပါ။ ကမ်းခြေမှာ စီးဖို့ကောင်းသလို ညနေခင်းဘားတွေမှာလည်း စီးလို့ကောင်းပါတယ်။
(၂) Suede Loafers

Photo: apetogentleman
Loafers တွေဟာ အခုဆို ရုံးတွေထဲပါ ရောက်လာတဲ့ Casual Shoes တွေ ဖြစ်ပါတယ်။ တစ်ခါတည်း ကောက်လျှိုစီးနိုင်တဲ့ Slip-On Design မျိုးဖြစ်လို့ အတော်လေး လွတ်လပ်ပေါ့ပါးပါတယ်။ နောက်တစ်ခုက Loafer တွေဟာ တော်ရုံပွဲပါ တက်လို့ရအောင် ယဉ်တဲ့ အားသာချက်လည်း ရှိပါတယ်။
(၃) Driving Shoes

Photo: apetogentleman
သူလည်း Loafers လိုပါပဲ။ နာမည်အတိုင်း ကားမောင်းချိန်မှာ သက်တောင့်သက်တာ ရှိဖို့နဲ့ ပေါ့ပါးပြီး ခြေကုပ်မှန်ဖို့အတွက် ထုတ်ထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီ Shoes တွေကို အနီးအနား ခြေညောင်းလက်ဆန့် လမ်းလျှောက်ရာမှာလည်း စီးလာကြပါတယ်။
(၄) Desert Boots

Photo: apetogentleman
သူကတော့ Stylish ဖြစ်ပြီး အကြမ်းခံတဲ့ဘက်ကို ဦးစားပေးထားတဲ့ Casual Shoe ဖြစ်ပါတယ်။ လယ်သာဗားရှင်းဖြစ်ပြီး ခန့်ခန့်ညားညားလည်း စီးလို့ကောင်းပါတယ်။ Formal လည်း ဝတ်လို့ရသလို Jeans ဖက်ရှင်နဲ့ တွဲစီးလို့လည်း အဆင်ပြေပါတယ်။
