သဲတွေနဲ့ ရဲတိုက်တွေ စေတီပုံတွေ တည်ဆောက်တာတွေက ကလေးတွေအတွက် အိပ်မက်တစ်ခုပါပဲ။ (၂၀၀၇) ခုနှစ်မှာ Team Sandtastic လို့ခေါ်တဲ့အဖွဲ့က တောင်ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ Myrtle ကမ်းခြေတွင် အရှည်ဆုံးသဲရဲတိုက်ကြီးကို တည်ဆောက်ခဲ့ဖူးပါတယ်။ ရဲတိုက်ရဲ့ အမြင့်က (၁၅.၁) မီတာရှိပြီးတော့ (၁၀) ရက်ကြာအချိန်ယူပြီး တည်ဆောက်ခဲ့ကြရပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ကပဲ သဲတွေကိုအသုံးပြုပြီး အံ့ဩစရာကောင်းတဲ့ လက်ရာတွေဖန်တီးခဲ့တာ မဟုတ်ပါဘူး။ အခြားပန်းပုပညာရှင်တွေကလည်း အံ့သြဖွယ်ရာ သဲပန်းပုတွေကို ဖန်တီးခဲ့ကြပါတယ်။ ဒီနေ့ kwee page က အသက်ဝင်နေသလားထင်ရတဲ့ သဲပန်းပုလက်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီဆင်က တောထဲကနေ ခုန်ထွက်လာသလားလို့တောင် ထင်ရတယ်

နတ်ဘုရားမပုံစံ သဲပန်းပု

ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းပြနေတဲ့ သဲပန်းပု

အာဖရိက ဘုရင်မ

သဲရဲတိုက်

အမျိုးသားတိုင်းမှာ ဖုံးကွယ်နေတဲ့ ကလေးစိတ်ရှိတယ်ဆိုတာကို ရည်ညွှန်းပြနေတဲ့ သဲပန်းပု

Avatar ဇာတ်ကောင်ပုံ သဲပန်းပု

ပျံတက်ဖို့ အသင့်ဖြစ်နေတဲ့ အတောင်ပံ

Alice’s Wonderland ဇာတ်ကောင်ပုံစံ သဲပန်းပု

ဒီလို သဲပန်းပုပြုလုပ်ဖို့ မလွယ်ကူဘူး

Pop ဘုရင်နဲ့တောင်တူသေး

ဒီသဲပန်းပုထုတဲ့လူတွေက ဗိသုကာပညာရှင်တွေဖြစ်ရမယ်

နဂါးပုံစံသဲပန်းပု

ဒစ္စနေ ရဲတိုက်နဲ့တောင် ခပ်ဆင်ဆင်တူသေး

Game of Thrones ဇာတ်ကောင်ပုံစံ သဲပန်းပု

ကမ္ဘာ့အမြင့်ဆုံး သဲပန်းပု

တစ်ခါတစ်လေ သေးသေးလေးတွေကလည်း လူတွေကို အံ့ဩရစေပါတယ်

Source: Bright Side
