လူငယ်တော်တော်များများဟာ မနက်ခင်းစောစောထရမှာကို မလိုလားကြဘူး။ နောက်ကြပြီးမှ ထလေ့ရှိကြပါတယ်။ အကယ်၍ မနက်စောစောထဖြစ်ပါက မနက်စာစားနိုင်ခြေ ပိုများပါတယ်။ မနက်နောက်ကျပြီးမှ ထတဲ့လူတွေဟာ မနက်စာကို အဆင်ပြေသလို စားတက်ကြတယ်။ တစ်ချို့ဆိုရင် မနက်စာကို လုံးဝမစားကြဘူး။ နေ့လည်ခင်းကျမှ အားရပါးရ စားတက်ကြတယ်။

Source: CNN.com

ဒီလို မနက်စာမစားဘဲ နေ့လည်ကျမှ ထမင်းကို အားရပါးရ စားခြင်းက ကျန်းမာရေးအတွက် ကောင်းတဲ့ အကျင့်တစ်ခုမဟုတ်ပါဘူး။ နံနက်စာမစားခြင်းရဲ့ ပြဿနာသည် တစ်နေ့တာနောက်ပိုင်းတွင် မကောင်းသောစားသုံးမှုအလေ့ အကျင့်များဆီ ဦးတည်နိုင်ပြီး သရေစာစားသုံးမှု အလေ့အကျင့်တွေရှိလာတက်ပါတယ်။

Source: Runner’s World

တစ်ညတာ အပြည့်အဝ အိပ်စက်အနားယူပြီး နိုးထလာပါက အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ မနက်စောစောထသူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေသောက်ခြင်းများလုပ်ရန် အလားအလာများပြီး ဒါတွေက အရေပြားကျန်းမာရေးကို အထောက်အကူပေးပါတယ်။ ပြီးတော့ မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်အတွက် သန့်ရှင်းလတ်ဆတ်သောလေကို ရှူရှိုက်ခွင့်ရမယ့်အပြင် တစ်နေ့တာလုံး အားအင်ပြည့်ဝနေစေပါတယ်။

Source: Association for Talent Development

သင့်ရဲ့တစ်နေ့တာကို စောစောစတင်ခြင်းသည် အာရုံစူးစိုက်မှုကိုလည်း အားကောင်းစေပါတယ်။ သင့်ရဲ့ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၏ အနှောင့်အယှက်မရှိဘဲ အာရုံစူးစိုက်နိုင်ပါတယ်။

အောင်မြင်ကျော်ကြားနေသူအများစုဟာ မနက်စောစော အိပ်ယာထတဲ့ အလေ့အကျင့်ရှိသူတွေဖြစ်ပြီး မနက်ခင်း (၅) နာရီ (သို့) ဒီထက်စောပြီး အိပ်ယာထလေ့ရှိကြပါတယ်။ အိပ်ရာစောစောထသူများဟာ အလုပ်ကိုလည်း ပိုပြီး တွင်တွင်ကျယ်ကျယ်လုပ်နိုင်စွမ်းရှိကြတယ်။ ပုံမှန်အိပ်ရာဝင်သောအလေ့အကျင့်မွေးမြူထားပါက ညဘက် အိပ်ရာဝင်ချိန်နှင့် နံနက်စောစော ပုံမှန်စောစောထရန် ပိုမိုလွယ်ကူလာပါလိမ့်မယ်။