ဘာစီလိုနာ ဆက်ကျော်သက်ကစာသမားဖြစ်သူ အန်ဆူ ဖက်တီဟာ လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရီးရဲ ဘတ်တစ် နဲ့ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့တာကြောင့် အသင်းရဲ့ ပွဲစဉ်တွေတော်တော်များများ လွဲချော်တော့မှာဖြစ်ပါတယ်။

Source: Global News

ဖက်တီရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်မှုတွေပြုလုပ်ခဲ့ပြီး (၄) လခန့်အနားယူရနိုင်တယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ အသက် (၁၈) နှစ်အရွယ် ဖက်တီဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ခွဲစိတ်မှုခံယူခဲ့ကြောင်း သိရပါတယ်။ အသင်းရဲ့ အထူးကုဆရာဝန်တစ်ဦးဖြစ်သူ Dr Ramon Cugat ကလိုအပ်တဲ့ ကုသမှုတွေ အနီးကပ် ကြီးကြပ်နေကြောင်း သတင်းတွေကဖော်ပြနေကြပါတယ်။

အသင်းတာဝန်ရှိသူတွေကတော့ ဖက်တီဟာ (၂၀၂၀-၂၀၂၁) ဘောလုံးရာသီမှာ အသင်းရဲ့ အဓိကပွဲစဉ်တွေတော်တော်များများ လွဲချော်ဖွယ်ရှိနေကာ (၄) လခန့် အနားယူရနိုင်ပြီး ဒီထက်လည်း ပိုပြီး ကြာနိုင်တယ်လို့ ပြောထားပါတယ်။

Source: Football Espana

ဖက်တီဟာ ဘာကာ-ရီရဲဘက်တစ် ပွဲစဉ် ပထမပိုင်းမှာ ဒဏ်ရာရရှိခဲ့တာပါ။ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် ပွဲပေါင်း (၁၀) ပွဲပါဝင်ကစားပေးထားပြီး လာလီဂါ (၇) ပွဲနဲ့ ချန်ပီယံလိဂ် (၃) ပွဲ ကစားပေးထားပါတယ်။ ဖက်တီဟာ ဒီနှစ်ဘောလုံးရာသီမှာ (၅၉၆) မိနစ် ဝင်ကစားထားပြီး (၅) ဂိုးသွင်းယူထားကာ (၂) ဂိုးဖန်တီးပေးထားပါတယ်။

ဖက်တီဟာ ရီးရဲမက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း (၁) ဂိုးသွင်းယူနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ဘာကာ-ရီးရဲ တွေ့ဆုံခဲ့တဲ့ EL Clasico ပွဲစဉ်မှာ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဖက်တီဟာ စပိန်လက်ရွေးစင် အသင်းကြီးအတွက်လည်း ပါဝင်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းတွေ ပြသနိုင်ထားပါတယ်။

Source: Peace FM Online

လောလောဆယ်မှာတော့ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မှာဖြစ်ပြီး ဘာစီလိုနာအတွက်တော့ ထိုးနက်ချက်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။