ကျန်းမာအောင် ဆီလျှော့စားပါ။ ဆားလျှော့စားပါ ပြောတာ ကြားဖူးကြမှာပါ။ “တန်ဆေး လွန်ဘေး” ဆိုတဲ့အတိုင်း ဆားအစားများရင် ကျန်းမာရေးခြိမ်းခြောက်မှုတွေ ကြုံလာနိုင်ပါတယ်။ တဖက်မှာလည်း ဆားဟာ ခန္ဓာကိုယ်ကို ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ဖို့ အ‌ရေးကြီးတဲ့ အီလက်ထရိုလိုက် ဓါတ်ဆားတစ်မျိုး ဖြစ်ပါတယ်။ ဆားကို လုံးဝရှောင်ကြဉ်မယ် ၊ မစားတော့ဘူးဆိုရင်လည်း ခန္ဓာကိုယ်မှာ မကောင်းတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဘယ်လိုမျိုး ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာမလဲဆိုရင်တော့ –

(၁) ဝိတ်တက်လာမယ်

Photo: brightside

အိုင်အိုဒင်းဓါတ် ချို့တဲ့လာရင် ဝိတ်တက်လာမယ်။ မျက်နှာ ပွယောင်းယောင်း ဖြစ်လာမယ်။ အသားအရေခြောက်လာမယ် ။ ကြွက်သားတွေ အားနည်းပြီး မောပန်းလွယ်မယ်။

(၂) နှလုံးထိခိုက်လာမယ်

Photo: brightside

ဆိုဒီယမ်နည်းတဲ့ အစားအသောက်ကြောင့် နှလုံးကျန်းမာရေးအားနည်းလာနိုင်ပါတယ်။ ဒေါင်ဒေါင်မြည် ကျန်းမာပါတယ်ဆိုတဲ့သူတွေမှာတော့ အဖြစ်နည်းပါတယ်။ ဒါပေမဲ့လည်း လေ့လာမှုအရ ဆားစားသုံးမှု အလွန်အမင်းနည်းသူဟာ နှလုံးအားနည်းလာနိုင်ပါတယ်။

(၃) အင်ဆူလင်ထုတ်မှု ထိန်းမရ ဖြစ်မယ်

Photo: brightside

လေ့လာမှုတွေအရ အစားအသောက်တွေထဲမှာ ဆိုဒီယမ် လုံလောက်မှုမရှိရင် အင်ဆူလင်ထုတ်မှုပါ ပြဿနာရှိနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အင်ဆူလင်ကို ကောင်းကောင်း တုံ့ပြန်မှု မလုပ်တော့ရာကနေ ကြာချိန်မှာ သွေးတွင်းသကြား Level တက်လာနိုင်ပါတယ်။

(၄) ရေဓါတ်ခမ်းခြောက်မှုလက္ခဏာတွေ ပြလာမယ်

Photo: brightside

သွေးထဲမှာ ဆိုဒီယမ် Level ထိုးကျလာမယ်ဆိုရင် ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ အလားတူတဲ့ လက္ခဏာတွေ ကြုံလာနိုင်ပါတယ်။ ဥပမာ ခံတွင်းခြောက်တာ ၊ မူးနောက်နောက်ဖြစ်တာ ၊ ရေငတ်တာနဲ့ ဆီးသွားနည်းလာတာမျိုး ဖြစ်ပါတယ်။

(၅) ပျို့အန်လာမယ်

Photo: brightside

ဆားလုံးဝမစားရင်လည်း ကိုလက်စထရော Level ပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါဟာ နှလုံးပေါ်တင် သက်ရောက်မှု ရှိတာမျိုး မဟုတ်ဘဲ ကိုယ်ထဲကနေ အော်ဂလီဆန်ပြီး ပျို့ချင်အန်ချင် ဖြစ်လာတာမျိုးပါ ရှိလာပါမယ်။