နေ့ရက်တိုင်း ပျော်ရွှင်လန်းဆန်းစွာ နိုးထဖို့ဆိုတာ သိပ်တော့မလွယ်လှပါဘူး။ ဒါပေမယ့် စိတ်ထဲမှာနေလို့သိပ် မကောင်းဘူး mood မကောင်းဘူးလို့ခံစားရတဲ့အခါ သက်သာအောင် ဒါမှမဟုတ် တခါတလေပြန်ကောင်းလာ အောင် လုပ်လို့ရတဲ့နည်းလမ်းတွေတော့ရှိပါတယ်။ အဓိကက သင့်စိတ်သဘောထားကို ပြောင်းလိုက်ဖို့ပါပဲ။ ဒါဆိုအောက်မှာ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) နာရီနိုးစက်မပေးပါနဲ့

Source : Shutterstock

နိုးစက်ပေးပြီးအိပ်ယာထတာဟာ သင့်ကိုယ်သင်ယုံကြည်မှုလျော့နည်းစေပါတယ်။ နိုးစက်ပြန်ပိတ်ပြီးနောက်ထပ် ၁၅ မိနစ်လောက်ထပ်အိပ်တာ၊ နိုးစက်ကို ၁၀ မိနစ်ခြားတခါ alarm ပေးဖို့လုပ်ထားတာတွေက မကောင်းတဲ့စိတ် ခံစားချက်ဖြစ်အောင်အစပြုလိုက်သလိုပါပဲ။ ဒါက တနေ့တာရဲ့အစမှာပဲ သင့်ကိုသင်ပေးထားတဲ့ကတိတခုကို ဖောက်ဖျက်လိုက်သလို ခံစားရစေပါတယ်။ နိုးစက်မပေးဘဲ ထနိုင်အောင်လုပ်ပါ။

(၂) မနက်ခင်းလေ့ကျင်ခန်းအနည်းငယ်လုပ်ပါ

Source : Shutterstock

မနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့ မနက်တိုင်း ၅ နာရီလောက်ထပြေးဖို့လိုတယ်လို့ ထင်တတ်ကြပါတယ်။ တကယ် တော့ အဲ့လောက်မလိုပဲ မိနစ်အနည်းငယ်မှာပဲလုပ်လို့ရတဲ့ သင့်စိတ်ကိုလန်းဆန်းစေမယ့် လေ့ကျင့်ခန်းတွေရှိပါ တယ်။ (၁) ၃မိနစ်အတွင်း ဒိုက်ထိုး(pushups) အကြိမ်များများလုပ်ပါ။ (၂) သင့်ရပ်ကွက်တစ်ပတ် ၁၀ မိနစ်ခန့်မြန် မြန်လမ်းလျှောက်ပါ။ (၃) ထိုင်ထနဲ့ ဒိုက်ထိုး ၂မိနစ်ခြားတလှည့်စီလုပ်ပါ။ (၄) နံရံမှီပြီးထိုင်တဲ့ပုံ (Wall Sit post) လုပ်ပါ။ အားလုံးကို တစ်ပတ်တစ်ရက်စီ အလှည့်ကျလုပ်ပေးလို့ရပါတယ်။

(၃) ဈေးဝယ်ရင်း စကားစမြည်ပြောပါ

Source : Shutterstock

လူတွေဟာ လူမှုအသိုက်အဝန်းနဲ့နေကြတဲ့သူတွေဖြစ်တဲ့အတွက် အချင်းချင်းဆက်သွယ်ပြောဆိုမှု ရှိဖို့လိုအပ်ပါ တယ်။ သင်ဈေးဝယ်တဲ့အခါ ဖုန်းကိုပဲကြည့်မနေဘဲ အနီးနားကအရောင်းဝန်ထမ်းနဲ့ဖြစ်ဖြစ်စကားပြောကြည့်ပါ။ ဘဏ်မှာတွေ့တဲ့ ဘဏ်ဝန်ထမ်းပဲဖြစ်ဖြစ်၊ သင့်ရဲ့ဖောက်သည်ပဲဖြစ်ဖြစ်၊ ဖုန်းထဲကအရောင်းမြှင့်တင်ရေးသမားပဲ ဖြစ်ဖြစ်ရာသီဥတုအကြောင်း၊ အားကစားအကြောင်း စကားစမြည်ပြောလို့ပါတယ်။ ဒီလိုရိုးရှင်းတဲ့ ဆက်သွယ် ပြောဆိုမှုလေးတွေက ပိုကောင်းတဲ့စိတ်ခံစားချက်ရဖို့ အခြေခံအချက်လေးတွေပါပဲ။

(၄) သီချင်းနားထောင်ပါ

Source : Shutterstock

စိတ်ခံစားချက်ကိုမြှင့်တင်ဖို့အကောင်းဆုံးနည်းလမ်းတခုကတော့ သီချင်းနားထောင်ရင်းအနားယူတာပါ။ နေ့စဉ်စိတ်ဖိစီးမှုတွေကနေ ခဏရပ်လိုက်ပြီး ၁၅ မိနစ်လောက် သင့်စိတ်နဲ့ခန္ဓာကိုယ်တခုလုံးကို သင့်အကြိုက်ဆုံး သီချင်းတွေထဲမှာနစ်မြောပြစ်လိုက်ပါ။ ကောင်းတဲ့အချိန်ကတော့ နေ့လည်ခင်းခနနားချိန်ဖြစ်ပြီးတော့ သီချင်းနားထောင်တဲ့အခါ နားကျပ်ကောင်းကောင်းအသုံးပြုဖို့တော့မမေ့ပါနဲ့။