ဟင်းနုနွယ်ကို ဆေးဘက်ဝင်တဲ့ အပင်တစ်ခုအဖြစ် လူတွေသိကြပါတယ်။ စားလို့လည်း အရသာရှိသလို ဈေးလည်းချိုတာကြောင့် အိမ်ရှင်မတွေရဲ့ လက်စွဲဟင်းတစ်ခွက်လည်းဖြစ်ပါတယ်။ ဒီနေ့ kwee page ကဟင်းနုနွယ်ရဲ့ အကျိုးအာနိအသင်များကို ဖော်ပြပေးသွားမှာပါ။

ခုခံအားကို မြင့်တက်စေပါတယ်

Source: Healthline

ဟင်းနုနွယ်မှာပါဝင်တဲ့ ဗီတာမင် အေ ဟာ ခုခံအားအတွက် အလိုအပ်ဆုံး ဗီတာမင် တစ်ခုဆိုလည်း မမှားပါဘူး။ ဗီတာမင် အေ ကြောင့် ခုခံအားမြင့်တက်လာမယ့်အပြင် သွေးဖြူဥဆဲလ်တွေကိုပါ အားကောင်းစေတာကြောင့် အပြင်က ဘယ်ရောဂါမှ ဝင်မလာအောင် သူက တားဆီးပေးပါတယ်။

ညဘက် အိပ်ပျော်စေပါတယ်

Source: Medical News Today

ဟင်းနုနွယ်မှာ ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်အပြင် ဇင့်တို့ မဂ္ဂနီဆီယမ်တို့လို အိပ်ပျော်ခြင်းကို အားပေးတဲ့  သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အိပ်မရတဲ့ ညပေါင်းတွေ များနေတဲ့ လူတွေ အတွက် သင့်တော်တဲ့ အစားအစာတစ်ခုပါ။

အရွယ်တင်နုပျိုစေတယ်

Source: Specialty Produce

ဗီတာမင် အေ ရဲ့ အသားအရေနုပျိုစေတဲ့အာနိသင် ၊ ကြွယ်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဝက်ခြံကင်းစင် အရွယ်တင်နုပျိုတဲ့ အသားအရေပိုင်ဆိုင်နိုင်မှာပါ။

အမြင်အာရုံ ကောင်းမွန်စေတယ်

Source: Metro Wholesale Myanmar

ဒီ အစိမ်းရောင် အရွက်လေးထဲမှာ beta-carotene, lutein, and xanthene စတဲ့ အမြင်အာရုံအတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ မျက်လုံးကျန်းမာရေးအပြင် ပါဝင်တဲ့ beta-carotene က ဗီတာမင် အေဓာတ်ချို့တဲ့ တာကိုလည်း ကာကွယ်ပေးဦးမှာပါ။ ရောင်ရမ်းခြင်းကို လျော့ကျတဲ့ အာနိသင်လည်းပါဝင်တာကြောင့် မျက်လုံး ဓာတ်မတည့်မှုကြောင့် ရောင်ရမ်းတာ၊မျက်လုံးနီတာ ယားတာတွေ အတွက်လည်း အသုံးဝင်ပါတယ်။