လူတော်တော်များများ အောင်မြင်ကြီးပွားချင်ကြတယ်။ တစ်ချို့လူတွေကလည်း အောင်မြင်ကြီးပွားအောင် အလုပ်ကြိုးစားကြတယ်။ ဒါပေမယ့် တစ်ချို့သော တော်တဲ့ထက်တဲ့ လူတွေကျရှုံးနေကြဆဲပါ။ ဒါက သူတို့ရဲ့အကျင့်စရိုက်ကို သူတို့သေချာမသိလို့လည်းဖြစ်နိုင်သလို တစ်ချို့တွေကလည်း comfort zone ကရုန်းထွက်ဖို့ မကြိုးစားချင်ကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ kwee page က လူတော်တွေ သူတို့ကိုယ်တိုင်တောင်မသိလိုက်ပါဘဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို ဘယ်လိုဖျက်စီးနေကြတာလဲဆိုတာကို ပြောပြပေးသွားမှာပါ။
ဖြတ်လမ်းနည်းသုံးခြင်း

Source: Business Insider
အောင်မြင်ကြီးပွားဖို့အတွက် အချိန်နဲ့ကြိုးစားမှု လိုအပ်ပါတယ်။ တစ်ချို့စာအုပ်တွေ ရုပ်ရှင်တွေမှာ လူတွေနေ့ချင်းညချင်း ကြီးပွားသွားတဲ့ အကြောင်းတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမဟုတ်ပါဘူး။ အောင်မြင်နေတဲ့လူအများစုဟာ သူတို့ရဲ့အလုပ်အောင်မြင်ဖို့အတွက် နာရီပေါင်းများစွာ ရက်ပေါင်းများစွာ မနားမနေ ကြိုးစားကြရပါတယ်။ ဖြတ်လမ်းနည်းအသုံးပြုခြင်းဟာ ကျရှုံးဖို့မြန်သလို မလိုလားအပ်တဲ့ အန္တရာယ်တွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။
အလုပ်တွေအကုန် တစ်ယောက်တည်းလုပ်ဖို့ ကြိုးစားခြင်း

Source: Study Finds
အောင်မြင်တဲ့လူတွေ အကုန်လုံးက အလုပ်တွေအကုန်လုံးကို သူတို့နည်းသူတို့ဟန်နဲ့ လုပ်ရတာကို နှစ်သက်ကြတယ်။ ဒါပေမယ့် အလုပ်တွေအားလုံးကို တစ်ယောက်ထည် စီမံခန့်ခွဲဖို့ မဖြစ်နိုင်ဘူးဆိုတာ သူတို့တွေသိကြတယ်။ ဒါ့ကြောင့် တော်တဲ့ထက်တဲ့လူတွေကို တာဝန်တွေ ခွဲဝေပေးကြတယ်။ အခုအောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းတွေအများစုကို ကြည့်လိုက်ပါ။ ဌာနတစ်ခုချင်းစီမှာ လူတော်တွေကို ရွေးချယ်ခန့်အပ်ထားကြပါတယ်။
အိမ်စာမလုပ်ခြင်း

Source: BW people
အိမ်စာဆိုလို့ ကျောင်းကစာကိုပြောချင်တာမဟုတ်ပါဘူး။ တစ်ချို့လူတွေက အလုပ်ကိစ္စကို အလုပ်မှာပဲထားခဲ့ကြတယ်။ အိမ်ကို ယူလာလေ့မရှိကြဘူး။ ဒါကလည်း လူတစ်ဦးချင်းစီမှာ ကိုယ်စီကိုယ်စီ ခံယူချက်ရှိကြတာမို့လို့ အပြစ်ပြောလို့မရပါဘူး။ ဒါပေမယ့် တစ်ခုသိထားရမှာက ယခုအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တော်တော်များများဟာ သူတို့မအောင်မြင်ခင်အချိန်က အလုပ်ကို နေ့မအားညမအား အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြတယ်ဆိုတာပါပဲ။ အလုပ်မပြီးဘူး လေ့လာစရာတွေ များနေတယ်ဆိုရင် အိမ်မှာလည်း အလုပ်လုပ်ရပါမယ်။
လူမှုဆက်ဆံရေးအားနည်းခြင်း

Source: FastTrack
တော်တဲ့သူတွေက တစ်ခါတရံ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အစွမ်းအစတွေကို လျှော့တွက်တတ်ကြပြီး အဖွဲ့အတွက် လိုအပ်တဲ့ လူမှုဆက်ဆံရေး၊ ပေါင်းသင်းဆက်ဆံရေးတွေလည်း လျော့နည်းပါတယ်။ အယူအဆအသစ်တွေကို အလွယ်တကူသိနိုင်ပြီး စံသတ်မှတ်ချက် အမြင့်ကြီးထားတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေက သူမှန်ထားတဲ့အတိုင်း လက်စွမ်းမပြနိုင်တဲ့အခါ စိတ်ပျက်တတ်ကြပါတယ်။
အမှားကို လက်မခံတတ်ခြင်း

Source: Grace So Amazing Foundation
တော်တဲ့သူတွေက သူတို့အလုပ်နဲ့ပတ်သတ်ပြီး အတ္တဆန်လာတဲ့အခါ ဦးတည်နေတဲ့ လမ်းကြောင်းက မှားနေတတ်ပါတယ်။ အခြားလုပ်ဖော်ကိုင်ဖက်က ပြဿနာတစ်ခုအတွက် ကောင်းတဲ့ဖြေရှင်းနည်းကို အကြံပြုတဲ့အခါ တစ်စုံတစ်ယောက်က သူတို့အလုပ်နဲ့ပတ်သတ်ပြီး မေးခွန်းထုတ်တဲ့အခါ သူတို့ရဲ့မာနကို ထိပါးနေတယ်လို့ ခံစားမိစေပါတယ်။ ဝေဖန်ပြောဆိုမှုတွေနဲ့ သူတို့အမှားတွေကို လက်ခံဖို့ဝန်လေးကြပါတယ်။
