စီရော်နယ်ဒိုအနေနဲ့ မက်ဆီကြောင့် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Source: Teamtalk

“မန်ချက်စတာနဲ့ပေါ်တူဂီမှာရှိတဲ့ ယုံကြည်ရတဲ့ အရင်းအမြစ်တွေအရ မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ရာသီမှာ  စီရော်နယ်ဒိုကို အိုးထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်ယူရန် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်” ဟု နာမည်ကြီး သတင်းကြေညာသူ ခရစ်ရှန် မာတင် ကပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ ဂျူဗီတပ်အသင်းချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၂) မှာကုန်ဆုံးမှာ ဖြစ်ပြီး ဂျူဗီတပ်အသင်းအနေနဲ့လည်း ရော်နယ်ဒိုသာ အသင်းပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ရင် ညှိနှိုင်းဖို့ အသင့်ရှိနေတယ်လို့ သူကပြောကြားခဲ့ပါသေးတယ်။

Source: The Sun

စီရော်နယ်ဒိုကို မန်ယူအသင်းက ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းက မန်ယူပရိသတ်တွေအတွက် အံ့ဩစရာသတင်းတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။ မကြာသေးခင်က ဂျူဗီတပ်အသင်းဟာ အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုကို ရောင်းချချင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါသေးတယ်။

အကယ်၍သာ မန်ယူအသင်းအနေနဲ့ ဂျူဗီတပ်အသင်းက လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ပေးချေပါက ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

Source: Daily Express

ခရစ်ရှန် မာတင် ကတော့ “ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်စီးတီးက ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ ကြိုးစားလာမှာပါ။ ဒါ့ကြောင့်လည်း စီရော်နယ်ဒိုအနေနဲ့ မန်ယူကို ပြန်သွားဖို့ စဉ်းစားနေမှာအမှန်ပါပဲ” လို့ပြောခဲ့ပါတယ်။

အကယ်၍ ရော်နယ်ဒိုသာ မန်ချက်စတာကိုပြောင်းရွှေ့ဖြစ်ပါက အသင်ဖော်ဟောင်းဖြစ်သူ ဆိုးရှားရဲ့ လက်အောက်မှာ ကစားရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ ဆိုးရှားနဲ့ (၆) နှစ်သာ အတူတကွ ကစားခဲ့ဖူးပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဖာဂူဆန် အနားမယူခင်ကလည်း ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ ဖူးပါသေးတယ်။