ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ ဗုဒ္ဓဟူးနေ့က အန်ဒိုရာအသင်းကို (၇-ဝ)ဂိုး ဖြင့်အနိုင်ရရှိသည့်ခြေစမ်းပွဲတွင် အသင်းအတွက် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် နိုင်ငံတကာ သွင်းဂိုးအရေအတွက် (၁၀၂) ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

Source: Insider

ရော်နယ်ဒိုဟာ လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ခဲ့ပြီးနောက် ပွဲချိန် (၈၅) မိနစ်တွင် ပေါ်တူဂီအသင်းအတွက် သူ့ရဲ့ (၁၀၂) ဂိုးမြောက်ကို ခေါင်းတိုက်ပြီးသွင်းယူခဲ့တာပါ။ ဒီဂိုးဟာ စီရော်နယ်လ်ဒိုရဲ့ (၁၀၂)ဂိုးမြောက် နိုင်ငံတကာသွင်းဂိုးဖြစ်သလို၊ အသက် (၃၀) ပြည့်ပြီးနောက်ပိုင်း ပွဲ (၅၀) မှာ သွင်းဂိုး (၅၀) မြောက်ဂိုးလည်းဖြစ်ပါတယ်။

Source: TalkSport

ဒါ့ကြောင့် စီရော်နယ်ဒိုဟာ အီရန်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အလီဒါယီတင်ရှိထားသည့် နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်ကိုလိုက်မီရန် (၇)ဂိုးအကွာအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အလီဒါယီဟာ (၁၀၉) ဂိုသွင်းယူထားပြီး နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်ကို ပိုင်ဆိုင်ထားတာပါ။

Source: ronaldo

ရော်နယ်လ်ဒိုဟာ စက်တင်ဘာလက ဆွီဒင်နဲ့ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပကစားသမားတွေထဲမှာ နိုင်ငံလက်ရွေးစင်အသင်း ကိုယ်စားပြုပြီး ဂိုး (၁၀၀) ကျော်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားစံချိန်တင်ထားခဲ့ ပါသေးတယ်။ ရော်နယ်လ်ဒိုဟာ အောက်တိုဘာ ၁၃ ရက်နေ့က ကိုရိုနာဗိုင်ရပ်စ်ကူးဆက်ခံရာကနေ ပြန်လည်ကောင်းမွန်လာပြီးနောက် ကစားခဲ့တဲ့ လေးပွဲမှာ လေးဂိုးသွင်းယူထားနိုင်တာလည်းဖြစ်ပါတယ်။

Source: The Sun

နိုင်ငံတကာ ဂိုးအများဆုံးသွင်းထားသူများ

Ali Daei, Iran: 109 goals in 149 caps

Cristiano Ronaldo, Portugal: 102 goals in 168 caps

Ferenc Puskas, Hungary: 84 goals in 85 caps

Kunishige Kamamoto, Japan: 80 goals in 84 caps

Godfrey Chitalu, Zambia: 79 goals in 111 caps

Hussein Saeed, Iraq: 78 goals in 137 caps

Pele, Brazil: 77 goals in 92 caps