နေ့ရက်တိုင်းမှာ ပျော်ရွှင်စရာတွေ ဖန်တီးဖို့ ကျွန်တော်တို့ဆီမှာ အခွင့်အရေးကိုယ်စီရှိကြပါတယ်။ အရေးကြီးဆုံးကတော့ သင့်ရဲ့ စိတ်နေစိတ်ထားက လောကကြီးနဲ့ လိုက်လျောညီထွေ ဖြစ်နေဖို့ လိုအပ်တာပါပဲ။ သင့်ဆီမှာ ပျော်ရွှင်မှုတွေ ဖန်တီးနိုင်ဖို့ အခွင့်အရေးတွေရှိနေပါတယ်။ ဒီနေ့ kwee page က နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။
မနက်ခင်းနိုးလာရခြင်းရဲ့ ရည်ရွယ်ချက်ရှိပါစေ

Source: Holistic Genius
မနက်ခင်းနိုးလာပြီး မျက်စိနှစ်လုံးပွင့်လာတာနဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာသိပါစေ။ ဒီနေ့မှာ ဘာတွေလုပ်ချင်သလဲ။ ဒီနေ့မှာ ဘာတွေခံစားချင်သလဲ။ သင့်ရဲ့ဦးနှောက်ကို နှစ်မိနစ်လောက်အချိန်ပေးပြီး တစ်နေ့တာလုပ်ရမယ့် အလုပ်တွေကို တန်းစီစဉ်းစားလိုက်တဲ့အခါ အလုပ်တွေဟာ အစီအစဉ်တကျနဲ့ ပြတ်ပြတ်သားသားပေါ်လာပြီး တစ်နေ့တာကုန်လွန်သွားတဲ့အခါမှာလည်း ပျော်ရွှင်ခြင်းနှင့် ပြီးမြောက်ခြင်းဆိုတဲ့ ရလဒ်ကောင်းတွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
တွေ့တဲ့လူတိုင်းကို ပြုံးပြပါ

Source: Achievers
လူတွေကို ပြုံးပြခြင်းဖြင့် ပျော်ရွှင်မှုတွေကို တခြားလူတွေနဲ့ မျှဝေခံစားလိုက်ပါ။ သင့်ရဲ့အပြုံးတစ်ချက်က တဖက်လူအပေါ်မှာ အများကြီး သက်ရောက်မှုရှိစေပါတယ်။ သင့်ရဲ့တစ်နေတာကို အပြုံးနဲ့ကျော်ဖြတ်လိုက်ပါ။
သင့်အနားမှာ ပျော်ရွှင်နေတဲ့လူတွေ ရှိနေပါစေ

Source: Monster Jobs
ပျော်ရွှင်မှုက ကူးစက်တက်ပါတယ်။ တကယ်လို့ သင့်အနားမှာ ပျော်ရွှင်နေတဲ့လူတွေရှိနေတယ်ဆိုရင် သင်လည်းပျော်ရွှင်ရမှာ အမှန်ပါပဲ။ သူတို့နဲ့အတူ ဘဝကြီးကို ပျော်ပျော်ဖြတ်သန်းလိုက်ပါ။
လေ့ကျင့်ခန်းလုပ်ဖို့အချိန်ပေးပါ

Source: Lovidia
လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို တိုက်ထုတ်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်သလို ပျော်ရွှင်မှုဟော်မုန်းတွေကိုလည်း ထုတ်ပေးပါတယ်။ ပြီးတော့ ရုပ်ရည်အတွက်လည်းမိမိကိုယ်မိမိ ယုံကြည်မှုပိုရှိလာစေပါတယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ရှိနေပါစေ။
မနက်စာ အလွတ်မခံပါနဲ့

Source: Healthline
ဟုတ်ပါတယ်။ ဆာလောင်မွတ်သိပ်မှုဟာ တော်တော်ဆိုးရွားပါတယ်။ သင်မနက်စာမစားခဲ့ခြင်းဟာ သင့်စိတ်ကိုသင် ကသိကအောက်ဖြစ်အောင်ပြုလုပ်လိုက်တာပါပဲ။ မနက်ပိုင်းမှာ ကိုယ်တိုင်စီမံပြုလုပ်ထားတဲ့ မနက်စာ (သို့) ကွေကာအုပ်တစ်ခွက်လောက်တော့ သောက်ထားသင့်ပါတယ်။ အကယ်၍ သင့်ရဲ့မနက်ခင်းဟာ တော်တော်လေး အပြေးအလွှားဖြစ်နေရတယ်ဆိုရင်တော့ လမ်းမှာစားသွားလို့အဆင်ပြေနိုင်မယ့် မနက်စာတစ်ခုခုကို စားဖြစ်အောင်စားသွားလိုက်ပါ။
