စပျစ်သီးချိုချိုလေးကို လူတိုင်းနီးပါး နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ စပျစ်သီးဟာ အသီးပဲစားကောင်းတာ မဟုတ်ပါဘူး သူ့ရဲ့ အစေ့ကလည်း ဆေးဖက်ဝင်ပါသေးတယ်။ စပျစ်သီးက ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ သရက်သီး တို့ထက် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပါတယ်။ စပျစ်သီးမှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းအဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ပိုတက်ဆီယမ် ကော့ပါး စသဖြင့် အာဟာများစွာပါဝင်နေပါတယ်။ ဒီနေ့ kwee page က စပျစ်သီးစားခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဝမ်းချုပ်တာကို သက်သာစေတယ်

Source: Justor Daily
အစာခြေစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမျှင်ဓာတ်က စပျစ်သီးမှာ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် စပျစ်သီးစားတာဟာ ဝမ်းမှန်စေပြီး အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဝမ်းချုပ်တတ်သူတွေအတွက် သင့်တော်တဲ့ စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။
နှလုံးကျန်းမာရေး

Source: The Economic Times
စပျစ်သီးမှာပါတဲ့ ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ထိန်းညှိပေးတာပြီး သွေးတိုးကြောင့် နှလုံးထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တဲ့ စပျစ်သီးကို စားသုံးပေးမှုက လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
မျက်လုံးကျန်းမာရေး

Source: The Guide Istanbul
ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် မျက်လုံးကို ကျန်းမာစေနိုင်ပါတယ်။ အမြင်လွှာနဲ့ မျက်ကြည်လွှာတွေကိုပါကျန်းမာစေနိုင်တာပါ။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုလည်း ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။
ဝက်ခြံသက်သာစေနိုင်တယ်

Source: This is My Garden
စပျစ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်က ဝက်ခြံတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဝက်ခြံရှိသူတွေအနေနဲ့ ဝက်ခြံသက်သာချင်တယ်ဆိုရင် စပျစ်သီးစားပေးလို့ရပါတယ်။
သွေးပေါင်ကျ စေနိုင်တယ်

Source: Mashed
ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ စပျစ်သီးရဲ့ အမျှင်ဓာတ်ကြွယ်ဝမှုကလည်း ကျန်းမာရေးကို တော်တော်လေး အထောက်အပံ့ဖြစ်စေတာပါ။
