“မင်းရဲ့လစာက မင်းကိုချမ်းသာစေမှာ မဟုတ်ဘူး။ မင်းအနေနဲ့ ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲပြီး အသုံးပြုလဲဆိုတာက အဓိကကျတယ်” လို့စစ်တုရင် ဘုရင် Charles A. Jaffe ကပြောဖူးပါတယ်။

ဒီနေ့ ချမ်းသာတဲ့လူတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့တွေဟာ ငွေတစ်ပြားကိုတောင် အလကား မဆုံးရှုံးရလေအောင် စီမံခန့်ခွဲနေကြတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုနည်းနဲ့ အောင်မြင်မှုလမ်းကို လျှောက်လှမ်းနေကြတာပါ။ ဒီနေ့ kwee page က ဘီလျံနာသူဌေးကြီးတွေရဲ့ ပိုင်ဆိုင်မှုနဲ့ မလိုက်အောင် အံ့ဩစရာကောင်းတဲ့ ခြိုးခြံချွေတာတတ်သော အလေ့အကျင့်တွေအကြောင်း ပြောပြပေးသွားမှာပါ။

ဒေါ်လာ (၃၀၀၀၀) တန်ကားသာ စီးတဲ့ Mark Zuckerberg (မာ့ခ်ဇူကာဘက်ဂျ်)

Source: Pinterest

Facebook တည်ထောင်သူ မာ့ခ်ဇူကာဘက်ဂျ် အနေနဲ့ Ferrari လိုဈေးကြီးကားမျိုးကို တစ်လ တစ်စီးဝယ်စီးနိုင်ပေမဲ့ Manual ကားအမျိုးအစားဖြစ်တဲ့ Volkswagon GTI ကိုသာ ဝယ်ယူထားပါတယ်။ သူ့ရဲ့ကားတန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၃၀၀၀၀) သာတန်ဖိုးရှိတာကြောင့် သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်တဲ့ ပမာဏလို့ ဆိုရပါတယ်။ ပြီးတော့ သူနဲ့အချိန်အကြာကြီး တွဲခဲ့တဲ့ Priscilla Chan နဲ့လက်ထပ်ခဲ့စဉ်ကအချိန်ကလည်း မင်္ဂလာပွဲကို သူ့ရဲ့အိမ်နောက်ဖေးမှာသာ ကျင်းပခဲ့ပါတယ်။ ဇူကာဘာဂ်ျတို့ဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာကောင်တီရှိ ပါလိုအာတိုမြို့မှာ ဒေါ်လာ (၇) သန်းတန်အိမ်ကို ဝယ်ယူခဲ့ပေမဲ့ လူအများစုကတော့ဒီအိမ်ဟာ ဇူကာဘာဂ်ျရဲ့ ကြွယ်ဝမှုနဲ့ ယှဉ်ကြည့်ရင် နည်းနေသေးတယ်လို့ ပြောဆိုကြပါတယ်။

ဒေါ်လာ (၃၁၅၀၀) တန်အိမ်မှာနေထိုင်နေတဲ့ ဝါရန်ဘတ်ဖတ်တ်

Source: CNBC.com

ကမ္ဘာ့အချမ်းသာဆုံးစာရင်းတစ်ယောက်ဖြစ်တဲ့ ဝါရင်ဘတ်ဖတ်ဟာ (၁၉၅၈) ခုနှစ်က ဒေါ်လာ (၃၁၅၀၀) နဲ့ဝယ်ယူခဲ့တဲ့ အိမ်မှာပဲနေထိုင်ဆဲပါ။ သူကတော့ “ကျွန်တော့်ရဲ့ တတိယမြောက် အကောင်းဆုံးရင်းနှီးမြုပ်နှံမှုတစ်ခုပါပဲ” လို့ သူ့ရဲ့အိမ်ဝယ်ယူမှုကို အမွမ်းတင်ထားပါတယ်။ (၂၀၁၅) ခုနှစ်တုန်းက သူ့ရဲ့ အိမ်ပေါက်ဈေးဟာ A ထိပ်တန်းဝင်ခဲ့ပါတယ်။ ယနေ့သူ့ရဲ့အိမ်တန်ဖိုးဟာ ဒေါ်လာ (၂.၅) သန်းနဲ့ ညီမျှပါတယ်။

(၁၀) ဒေါ်လာတန် နာရီဝတ်ဆင်တဲ့ ဘီးလ်ဂိတ်တ်

Source: Tendercapital

Microsoft တည်ထောင်ခဲ့သူ ဘီးလ်ဂိတ်တ် ကိုတော့ လူတိုင်းနီးပါးသိကြမယ်ထင်ပါတယ်။ တကယ့်ကို ကျိကျိတက် ချမ်းသာတဲ့ ဘီလျံနာ သူဌေးကြီးဖြစ်ပြီး အလှူအတန်းလည်း အင်မတန်ရက်ရောပါတယ်။ Rolex နာရီတွေကို မေ့လိုက်ပါ။ ဘီလ်ဂိတ် လက်ကောက်ဝတ်မှာ (၁၀) ဒေါ်လာတန် နာရီကိုသာ တွေ့မြင်ရပါလိမ့်မယ်။ ဘီးလ်ဂိတ်တ်ဟာ ရှေးဆန်သူတစ်ယောက်လို့ ပြောလို့ရပါတယ်။ ယခုထိ ညတိုင်းအိမ်ကပန်းကန်တွေကို ကိုယ်တိုင်ဆေးလေ့ရှိသူပါ။

အိမ်ကနေ ထမင်းချိုင့် ထည့်သွားလေ့ရှိတဲ့ Dish Network တည်ထောင်သူ Charlie Ergen (ချာလီအာဂန်)

Source: Axios

အပြင်မှာ ဝယ်စားတာက ဈေးကြီးပါတယ်။ Dish Network တည်ထောင်သူ ချာလီအာဂန် ဟာ နေ့တိုင်း အလုပ်သွားတဲ့အခါမှာ အိမ်ကနေ ဈေးမကြီးတဲ့ အိတ်နဲ့ထမင်းထုတ်ယူသွားလေ့ရှိပါတယ်။ သူရဲ့နေ့လည်စာ ထမင်းထုပ်ထဲမှာ အသားညှပ် ပေါင်မုန့် နဲ့ အချိုရည်ဘူးတို့သာ ပါဝင်ပါတယ်။