တခါတလေ အိမ်မှာအစားအသောက်ချက်ပြုတ်ရတာဟာ အချိန်ကုန်တာ၊ ပင်ပန်းတာတွေဖြစ်တတ်ပေမယ့် ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်တာဟာ အပြင်ကမှာစားတာထက်ပိုကောင်းတဲ့ အချက်တွေအများကြီးရှိပါတယ်။ သင် ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်တဲ့အခါ အစားအစာထဲမှာပါဝင်ပစ္စည်းတွေကို ကိုယ့်စိတ်ကြိုက်ထည့်လို့ရသလို ချက်ပြီးတာနဲ့ပူပူနွေးနွေးစားလို့လည်း ရပါတယ်။ နောက်ထပ် အိမ်မှာပဲ ဟင်းချက်စားခြင်းရဲ့ ကောင်းတဲ့အချက်တွေကို ပြောပြပေးပါဦးမယ်။
(၁) သဘာဝပတ်ဝန်းကျင်အတွက် ပိုကောင်းတယ်

Source : JSTOR Daily
ယနေ့ခေတ်လူတွေရဲ့နေထိုင်မှုပုံစံတွေဟာ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေပါတယ်။ အိမ်မှာချက်ပြုတ် စားတာက သဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ရွေးချယ်မှုတခုပါ။ ဆိုင်ကအော်ဒါမှာစားတဲ့အခါ အစားအစာထုပ်တဲ့ ပလတ်စတစ်တွေနဲ့ တခြားပြန်လည်အသုံးပြုလို့မရတော့တဲ့ ပစ္စည်းတွေကို အသုံးပြုကြတာကြောင့် စွန့်ပြစ်အမှိုက်တွေပိုထွက်လာတဲ့အတွက် ရေရှည်မှာသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်ပါတယ်။
(၂) သင့်ကျန်းမာရေးအတွက် ပိုကောင်းတယ်

Source : Medium
ဝါရှင်တန်ကျန်းမာရေးသိပ္ပံတက္ကသိုလ်ရဲ့လေ့လာမှုအရ တပတ်မှာ ၃ရက်ခန့်၊ အိမ်မှာပဲအစားအသောက်တွေ ချက်စားတာဟာ အပြင်စာ စားသူတွေထက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့စားသောက်မှုပုံစံရှိတာကိုတွေ့ရပါတယ်။ ဆိုင်မှာစားတဲ့အခါ ပါဝင်ပစ္စည်းတွေကို သင်ကိုယ်တိုင်ရွေးချယ်လို့မရတဲ့အတွက် အဆီတွေ၊ အကြော်အလှော် တွေနဲ့ သကြားပါဝင်မှုများတဲ့အစားအစာတွေကို စားမိနိုင်ပါတယ်။ များသောအားဖြင့် စားသောက်ဆိုင်မှာစားတဲ့ အခါ အိမ်မှာစားနေကျထက်လဲပိုစားမိတတ်ပါတယ်။
(၃) ဘက်ဂျက် ချွေတာပြီးသားဖြစ်တယ်

Source : Dissolve
အပြင်ဆိုင်တွေကဝယ်စားတာဟာ သင်တဲ့အသုံးများတဲ့ငွေသုံးစွဲမှုတစ်ခုဖြစ်ပါတယ်။ တခါတရံဆို ပြဿနာမရှိပေမယ့် လတစ်လ ထဲမှာပဲအကြိမ်တော်တော်များများလုပ်မိနေတယ်ဆိုရင် ကြာရင် သင့်ရဲ့ဝင်ငွေကို ထိခိုက်လာမှာပါ။ တစ်ခါတစ်လေ သင်စားသောက်ဆိုင်မှာဝယ်စားလိုက်တဲ့ ပိုက်ဆံပမာဏက သင့်အိမ်မှာရက်တော်တော်များများစားဖို့ အစားအသောက်တွေဝယ်လို့ရနိုင်ပါတယ်။
(၄) ပိုပျော်ရွှင်မှု ရှိတယ်

Source : Pinterest
စစ်တမ်းတွေအရ အဟာရပြည့်ဝတဲ့ချက်ပြုတ်ခြင်းက သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကောင်းစေရုံ သာမက စိတ်ပိုင်းဆိုင်ရာကိုလဲ ပျော်ရွှင်စေပါတယ်။ ဟင်းချက်တဲ့အခါ ကိုယ်လက်လှုပ်လျားမှုလုပ်ရသလို စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးချက်ပြုတ်ရတဲ့အတွက် အာရုံစူးစိုက်မှုလဲကောင်းမွန်စေပါတယ်။ ဒါ့အပြင်သင့်ရဲ့ဟင်းချက်နည်းတွေကို ကလေးတွေကိုသင်ပေးရင်း မိသားစုအတူတူပျော်ပျော်ရွှင်ရွှင် မီးဖိုချောင်ဝင်လို့ရပါသေးတယ်။
