လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ယမန်နေ့ညက ဂီနီယာကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုးကို အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပေမယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဆီနီဂေါအသင်းကို အာဖရိကဖလားပြိုင်ပွဲမှာ တစ်နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

Photo: The Sun

ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ဂီနီယာဂိုးသမားကို ကျော်ဖြတ်ခဲ့တဲ့အသင်းဖော်တိုက်စစ်မှူး ဘူလာယေးဒီယာရဲ့ ခြေထဲက ဘောလုံးကို လုကန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မာနေးဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ကို ဂိုးသမားမရှိတဲ့ ဂိုးပေါက်ကို ဝင်အောင်မကန်သွင်းနိုင်ခဲ့ဘဲ ဂိုးပိုက်ဘေးဘက်ကိုသာ ကန်သွင်းမိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မာနေးဟာ ၎င်းရဲ့ အမှားကို ဒုတိယပိုင်း ၈၂ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ၂၀၂၂ အာဖရိကဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်းအတွက် တစ်နေရာရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ မာနေးဟာ ဘယ်တောင်ပံကနေ ပင်နယ်တီဧရိယာထဲ ချိုးဝင်ပြီး အသင်းဖော် ဟာဘစ်ဒီယယ်လိုနဲ့ အပေးအယူလုပ်ပြီး ဂီနီယာဂိုးသမား ဂျိုးနတ်စ်မန်းဒက်စ် မကာကွယ်နိုင်အောင် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo: The Sun

ဆာဒီယိုမာနေးဟာ ဆီနီဂေါလက်ရွေးစင်အသင်းအတွက် ၂၁ ဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆီနီဂေါအတွက် သွင်းဂိုးအများဆုံးအဖြစ် ၂၉ ဂိုးသွင်းယူပေးခဲ့တဲ့ ဝုဗ်နဲ့ဝီဂန်တိုက်စစ်မှူးဟောင်း ဟန်နရီကာမာရာရဲ့သွင်းဂိုးကို လိုက်မီဖို့ ၈ ဂိုးသာ လိုတော့တာဖြစ်ပါတယ်။