လူတွေရဲ့လက်ထဲမှာ ဖုန်းကအမြဲတမ်းလိုလို ရှိနေတက်ပါတယ်။ ဖုန်းကို လူတွေက အမျိုးမျိုးအသုံးပြုကြတယ်။ အလုပ်လျှောက်ဖို့၊ သတင်းအချက်အလက်ရှာဖွေဖို့ (သို့) နေရာအသစ်တွေ ရှာဖွေဖို့ စသဖြင့် အသုံးပြုကြတယ်။ အချုပ်ပြောရရင် ဖုန်းမရှိတော့ဘူးဆိုရင် ဘဝပျက်သွားမတက်ခံစားရတဲ့ လူတွေတောင်ရှိပါတယ်။ ပြီးတော့ ဒီနေ့ခေတ်မှာ လူတော်တော်များများ ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုကြတာကိုလည်း တွေ့မြင်လာရပါတယ်။ တကယ်တော့ ဒါဟာ သင့်အတွက် အလွန်ပဲ ဆိုးရွားတဲ့ အကျိုးဆက်တွေရှိနေပါတယ်။ ဒီနေ့ kwee page က ဖုန်းကိုနိုးစက်အနေနဲ့ အသုံးမပြုသင့်တဲ့ အကြောင်းကို ပြောပြပေးသွားမှာပါ။

အိပ်စက်ခြင်းကို ထိခိုက်စေတယ်

Source: Bright Side

လူတွေက မအိပ်ခင်ဖုန်းပေါ်ကနေ ဆိုရှယ်မီဒီယာတွေအသုံးပြုကြတာ အလုပ်လုပ်ကြတာတွေရှိပါတယ်။ ပြီးတော့ ဖုန်းကနေ ထုတ်လွှတ်တဲ့ အပြာရောင်းအလင်းက အိပ်စက်ခြင်းကို ထိခိုက်စေရုံသာမက အိပ်ချိန်ကိုလည်း လျှော့နည်းစေပါတယ်။

မနက်ခင်းကို ထိခိုက်စေတယ်

Source: Hypercitigh.com

မနက်နိုးလို့ ဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ အီးမေးလ်စစ်တာ မက်ဆေ့တွေ ဖတ်တာ စသဖြင့်လုပ်တက်ကြတယ်။ ပြီးတော့ ဒါက အချိန်အများကြီး ယူတာကြောင့် မနက်ခင်း အရေးတကြီးလုပ်ရမယ့် အလုပ်တွေ အချိန်မတိုင်ခင် မပြီးဘဲ ရှိနေတက်ပါတယ်။ တစ်ခါတစ်လေ အလုပ်တွေနောက်ကျတက်ပါတယ်။

နိုးစက်သံမကြားဘဲ ရှိနေတက်တယ်

Source: Bright Side

ဖုန်းကိုနိုးစက်အဖြစ်ထားခြင်းက တကယ့်နာရီနိုးစက်လို အသံမကျယ်တာကြောင့် တစ်ခါတစ်လေ မကြားဘဲရှိနေတက်ပါတယ်။ ပြီးတော့ လူတွေက တစ်နေကုန် ဖုန်းအသံကို ကြားနေရတာပါ။ ဒါကြောင့် တကယ့် နိုးစက်လို ထိရောက်မှု လျှော့နည်းနိုင်ပါတယ်။ တကယ်လို့ အရေးတကြီး ချိန်းဆိုထားတာ လုပ်စရာရှိတာတွေ အတွက် ဖုန်းကိုနိုးစက်အဖြစ် ထားမိခဲ့မယ်ဆိုရင် အလွဲအလွဲအချော်အချော် ဖြစ်သွားတက်တာကြောင့် သတိထားသင့်ပါတယ်။

ဘတ်ထရီအားကုန်သွားတက်တယ်

Source: Bright Side

ဘတ်ထရီအားကုန်သွားရင် ဖုန်းနိုးစက် မမြည်တော့တာ သတိထားဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် အရေးကြီးကိစ္စအတွက် မနက်စောစော ထရမယ်ဆိုရင် နာရီနိုးစက်ကို အသုံးပြုဖို့အကြံပေးချင်ပါတယ်။ ပြီးတော့ တစ်ခါတစ်လေ silent mode လုပ်ထားပြီး ပြန်ဖြုတ်ဖို့အတွက် မေ့နေတက်လေ့ရှိပါတယ်။