အူမကြီးက အစာခြေစနစ်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေတဲ့ အူတွေရဲ့ အကြီးဆုံး အစိတ်အပိုင်းပါ။ စားလိုက်တဲ့ အစားအစာတွေထဲက ပိုလျှံနေတဲ့ ရေတွေ၊ ဆားတွေကို ထိန်းသိမ်းပေးထားပြီး အစာဟောင်းတွေကို စအိုဆီကို ပို့ဆောင်ပေးလို့ ခန္ဓာကိုယ်ပြင်ပကို မစင်အဖြစ်စွန့်ထုတ်စေဖို့ လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းပါ။ ဒါ့ကြောင့် အူမကြီး ကျန်းမာနေဖို့က အလွန်အရေးကြီးပါတယ်။ ဒီနေ့ kwee page က အူမကြီးကျန်းမာရေးအတွက် သောက်ပေးသင့်တဲ့ အသီးဖျော်ရည်လေးတွေကို ဖော်ပြပေးသွားမှာပါ။

လိမ္မော်သီးဖျော်ရည်

Source: Earth, Food, and Fire

ဗီတာမင် စီ ကြွယ်ဝစွာပါဝင်နေတာကြောင့် အူမကြီးအပါအဝင် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်သလို အမျှင်ဓာတ်ပါဝင်နေမှုကလည်း အူမကြီးကို အကောင်းဆုံးသန့်စင်ပေးနိုင်မှာပါ။

ပန်းသီးဖျော်ရည်

Source: Country Living Magazine

ပန်းသီးဖျော်ရည်ဟာ ဝမ်းချုပ်တာကို သက်သာစေပြီး အူမကြီးကို အကောင်းဆုံး စွမ်းဆောင်ရည် ရရှိစေနိုင်ပါတယ်။ အချိုမထည့်ထားတဲ့ ပန်းသီးဖျော်ရည်တစ်နေ့တစ်ခွက်သောက်သုံးမှုက အူမကြီးကို အကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်မှာပါ။

ဇီးသီးဖျော်ရည်

Source: MyHealth

တရုတ်ဇီးသီးလို့ ခေါ်ကြတဲ့ ဇီးသီးဖျော်ရည်က ဝမ်းမှန်စေနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူမကြီးကို ကျန်းမာစေမှာပါ။

မက်မန်းဖျော်ရည်

Source: First Look, Then Cook

မက်မန်းဖျော်ရည်ဟာဆိုရင် ဝမ်းမှန်စေနိုင်ပြီး အူမကြီးကို အထိရောက်ဆုံးသန့်စင်ပေးနိုင်ပါတယ်။ မက်မန်းသီးဖျော်ရည်တစ်ခွက်စာမှာအမျှင်ဓာတ်က ၃ ဂရမ်အထိပါဝင်နေတာကြောင့် တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ကို ပြည့်ဝစွာရရှိစေနိုင်မှာပါ။

သစ်တော်သီးဖျော်ရည်

Source: Champion Juicer

အူမကြီးက အဆိပ်အတောက်တွေဖယ်ရှားပေးပြီး အူမကြီးကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ နောက်ဖျော်ရည်တစ်မျိုးက သစ်တော်သီးဖျော်ရည်ပါ။ သစ်တော်သီးမျာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပြီး အူအတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ကျန်းမာစေလို့ အူမကြီးရော အစာခြေစနစ်ကိုပါ ကျန်းမာစေမှပါ။