မကြာခင်မှာ ခရစ္စမတ်ရာသီရောက်တော့မှာဆိုတော့ Kwee ရဲ့ ပရိသတ်တွေကို ခရစ္စမတ်အားလပ်ရက်တွေမှာ ရုပ်ရှင်ကြည့်ရင်း stay home လို့ရမယ့် ရုပ်ရှင်ဇာတ်ကားကောင်း (၄) ကား အကြောင်းပြောပြချင်ပါတယ်။ ကဲ မိသားစုနဲ့အိမ်မှာပဲ ရုပ်ရှင်တွေအတူတူကြည့်ရင်း chill ရအောင်ပါ။ ကြည့်ပြီးသားကားတွေပါရင်လည်း ခရစ္စမတ် mood အပြည့်ရအောင် တစ်ခါပြန်ပြီး ထပ်ကြည့်လိုက်နော်။
(၁) Home Alone
Home Alone ရုပ်ရှင်ကတော့ ၉၀ ခုနှစ်ဝန်းကျင်မွေးသူတွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ။ အသက် ၈ နှစ်အရွယ် ကယ်ဗင်ဆိုတဲ့ကောင်လေးတယောက် မိသားစုနဲ့အတူ ပဲရစ်ကိုသွားမယ့် လေယာဥ်ပေါ် မပါသွားဘဲ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ရာကနေ သူခိုးတွေအိမ်ထဲဝင်ခိုးကြိုးစားတာကို ကာကွယ်တဲ့ပုံစံ ဟာသဆန်ဆန်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရယ်စရာဇာတ်ကွက်တွေ အများကြီးပါလို့ ကြည့်ရင်းနဲ့ပျော်ရမှာပါ။
(၂) It’s A Wonderful Life
အဖြူအမဲရုပ်ရှင်မဟုတ်ဘဲ ခေတ်ဟောင်းဇာတ်လမ်းကောင်းကောင်းကြည့်ချင်သူတွေအတွက်တော့ It’s A Wonderful Life က သင့်တော်တဲ့ဇာတ်ကားတစ်ကားပါ။ ရုပ်ရှင်ပိုစတာက အရင်ခေတ်ပုံစံ သိပ်ဆွဲဆောင်မှု မရှိဘူးလို့ထင်ရပေမယ့် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်လို့ညွှန်းထားပါတယ်။ ဇာတ်လမ်းရဲ့အဓိကပေးချင်တဲ့ message ကတော့ ချစ်ခြင်းမေတ္တာပေးခြင်းဟာ ငွေကြေးချမ်းသာတာထက် အများကြီးပိုတယ်ဆိုတာကို ခရစ္စမတ်အငွေ့အသက်တွေနဲ့အတူပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
(၃) The Snowman
The Snowman အကောင်းဆုံးခရစ္စမတ်ရုပ်ရှင်စာရင်းမှာပါဝင်နေတဲ့ ရိုးရိုးရှင်းရှင်းနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ။ လူနဲ့အန်နီမေးရှင်းပေါင်းစပ်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး စိတ်လှုပ်ရှားစရာမှော်ဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးထားရုံသာမက ကလေးတွေသဘောမယ့် နောက်ခံတေးဂီတသံစဥ်လေးတွေကိုအသုံးပြုထားလို့ မိသားစုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။
(၄) Elf
Elf ဆိုရင် အန်နီမေးရှင်းကာတွန်းတွေ ပေါ်စကရိုက်ကူးထားတဲ့ ဂန္တဝင်ရုပ်ရှင်ဇာတ်ကားကောင်းဆိုတာ ကြည့်ဖူးတဲ့သူတွေသိကြမှာပါ။ ဇာတ်ကောင်ဖြစ်တဲ့ Will Ferrell ကဖခင်ဖြစ်သူရှိရာ နယူးရောက်မြို့တော်ကို စွန့်စွန့်စားစားသွားရောက်ရှာဖွေရာကနေ ဘယ်လိုအလွဲတွေနဲ့ ဟာသတွေဖြစ်မလဲဆိုတာတွေ့မြင်ရမှာဖြစ်ပါတယ်။ မိသားစုနဲ့အတူတူကြည့်လို့ သင့်တော်သလို နယူးရောက်မြို့တော်ရဲ့အလှအပတွေကို မြင်တွေ့ရမယ့်ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။