ဆောင်းရာသီထဲရောက်လာပြီဆိုတော့ အသားအရေနဲ့ပတ်သတ်ပြီး အထူးတလည်ဂရုစိုက်ဖို့လိုလာပါပြီ။ ဆောင်းရာသီမှာ အရေပြားခြောက်သွေ့အက်ကွဲခြင်း အသားပတ်ခြင်း စသည်ဖြင့် အသားအရေဆိုင်ရာပြဿနာတွေအဖြစ်များတာ‌ကြောင့် ဆောင်းရာသီမှာ ကျန်းမာရေးတဲ့အသားအရေ ရစေဖို့လိုက်နာသင့်တဲ့ အချက်တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ရေများများ သောက်ပါ

Source : Freepik

အများစုက ရာသီဥတုအေးတဲ့အချိန်တွေမှာ ရေသောက်ဖို့ကို မေ့နေတက်ပါတယ်။ ခန္ဓာကိုယ်မှာရေဓာတ်လုံလုံလောက်လောက်မရဘူးဆိုရင် အသားအရေခြောက်သွေ့ခြင်း အစိုဓာတ်ခမ်းခြောက်ခြင်းတွေ ဖြစ်လွယ်တာကြောင့် ဆောင်းရာသီမှာ ရေများများသောက်သုံးပေးဖို့ကိုလည်း မမေ့မလျော့ လိုက်နာသင့်ပါတယ်။ ဂျင်းနဲ့ သံပုရာစိမ်ထားတဲ့ ရေကိုသောက်ပေးခြင်းကလည်း ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းသိမ်းပေးတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

(၂) မျက်နှာသစ်ဆေးကို သေချာရွေးပါ

Source : Medical News Today

မျက်နှာသန့်စင်တဲ့ cleanser တွေမှာ များသောအားဖြင့် ဓာတုပစ္စည်းတွေပါဝင်တာကြောင့် မျက်နှာအရေပြားပေါ်က အဆီတွေကို ခမ်းခြောက်စေပြီး အသားအရေအက်ကွဲခြင်း ခြောက်သွေ့ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အသားအရေထိခိုက်ပျက်စီးလွယ်တဲ့ ဆောင်းရာသီလို အချိန်မှာ alcohol နဲ့ အမွှေးရနံ့တွေကဲ့သို့ ဓာတုပစ္စည်းတွေပါဝင်တဲ့ မျက်နှာသစ်ဆေးတွေထက်  သဘာဝပစ္စည်းတွေကိုအခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးကိုသာ သေချာရွေးချယ်ပြီး သုံးသင့်ပါတယ်။

(၃) Moisturizer လိမ်းပါ

Source : Abestfashion

ဆောင်းရာသီမှာ အဖြစ်များတဲ့အရေပြားဆိုင်ရာ ပြဿနာတစ်ခုက အသားအရေအစိုဓာတ်ခမ်းခြောက်လွယ်တာပါ။ အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ဖို့ဆိုရင် Moisturizer မဖြစ်မနေလိမ်းပေးသင့်ပါတယ်။ မျက်နှာသစ်ပြီးတိုင်းမှာ Moisturizer လိမ်းပေးပါ။ လက်နဲ့ခြေထောက်တွေကိုလည်း လိမ်းပေးနိုင်ပါတယ်။ ရေကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ Moisturizer မျိုးကို ရွေးချယ်တာ အသားအရေအတွက်ပိုကောင်းပါတယ်။

(၄) Humidifier အသုံးပြုပါ

Source : Dreamstime

ရေငွေ့ထုတ်စက် (သို့မဟုတ်) စိုထိုင်းမှု ထိန်းစက်လို့လူသိများတဲ့ Humidifier စက်တွေက ဆောင်းရာသီလို စိုထိုင်းဆ ကျနေတဲ့အချိန်မျိုးမှာ ဖြစ်ပေါ်လေ့ရှိတဲ့ အသားအရေခြောက်သွေ့ယားယံခြင်း အသားအရေအက်ကွဲခြင်းတို့ကို ကာကွယ်ပေးတဲ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးကိုလည်း အထောက်အပံ့ကောင်းတွေ ပေးစွမ်းပါတယ်။ ဒါကြောင့် ဆောင်းတွင်းကာလမှာ သင့်ရဲ့အိပ်ခန်းအပါအဝင် ၊ အချိန်တော်တော်များများနေဖြစ်တဲ့ ရုံးခန်းနဲ့ ဧည့်ခန်းလိုနေရာတွေမှာ Humidifier စက်တစ်လုံးလောက် ထားသင့်ပါတယ်။

(၅) ရေပူချိုးခြင်းကိုရှောင်ပါ

Source : 123RF.com

ရာသီဥတုအေးတဲ့အချိန်မှာ ရေနွေးနဲ့ရေချိုးခြင်းက သက်တောင့်သက်သာဖြစ်စေတယ်လို့ ထင်ရပေမယ့် အလွန်ပူတဲ့ရေနဲ့ အချိန်တော်တော်ကြာ ရေချိုးမိမယ်ဆိုရင် အသားအရေအဆီတွေခမ်းခြောက်စေနိုင်ပြီး အရေပြားခြောက်သွေ့ယားယံခြင်း နီမြန်းရောင်ရမ်းခြင်း ဖြစ်စေနိုင်ပါတယ်။ အရမ်းအေးတဲ့နေ့တွေမှာ ရေနွေးနဲ့ချိုးမယ်ဆိုရင် ရေကို ကြက်သီးနွေးခန့်ပူရုံ ထိန်းညှိပြီး အချိန်ကိုလည်း ၅ မိနစ် မှ ၁၀ မိနစ်ကြားသာ ချိုးဖို့အကြံပြုချင်ပါတယ်။