ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့အတွက တစ်ချို့လူတွေက ကောင်းမွန်တဲ့ ဇီဝဖြစ်စဉ်တွေ ရရှိထားကြတယ်။ ဇီဝဖြစ်စဉ် ကောင်းမွန်စွာ အလုပ်လုပ်နေမယ်ဆိုရင် ကယ်လိုရီတွေ လျင်မြန်စွာ လောင်ကျွမ်းစေပြီး ဝိတ်တက်လာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းတော့ ဒီလိုကောင်းမွန်တဲ့ ဇီဝဖြစ်စဉ်မျိုး မရှိကြပါဘူး။ ဒီနေ့ တော့ ဇီဝဖြစ်စဉ်အားကောင်းစေဖို့အတွက် အထောက်အကူဖြစ်စေမယ့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အကြောင်းပြောပြပေးသွားမှာပါ။
ဗီတာမင် ဘီ

Source: Times Now
ဗီတာမင် ဘီဟာ စားလိုက်တဲ့ အစားအစာတွေကို စွမ်းအင်ထုတ်လုပ်ပေးအောင် ကူညီပေးပြီး အဆီအဖြစ် စုမနေအောင်လည်း ကူညီပေးပါတယ်။ အဆီ၊ ကာဘိုဟိုက်ဒရိတ် (သို့) ပရိုတင်း ဘယ်လိုအစားစာတွေကိုမဆို ခြေဖျတ်ဖို့အတွက် ကူညီပေးနိူင်ပါတယ်။ ဒီအာဟာရဓာတ်ချို့တဲ့မယ်ဆိုရင် ဇီဝဖြစ်စဉ်ကို မကြာခဏ အနှောင့် အယှက်ဖြစ်စေပြီး မလိုအပ်ဘဲ ကိုယ်အလေးချိန်တက်လာစေနိူင်ပါတယ်။ ဗီတာမင် ဘီဟာ စိတ်ခံစားချက်ကိုလည်း မြှင်တင်ပေးနိုင်ပါတယ်။ ဗီတာမင်ဘီကို အသား၊ နို့ထွက်ပစ္စည်း၊ ငှက်ပျောသီး၊ ပန်းသီးနဲ့ ဟင်းနုနွယ်ရွက်တို့ကနေ ရရှိနိုင်ပါတယ်။
မဂ္ဂနီစီယမ်

Source: HuffPost Australia
မဂ္ဂနီစီယမ်က စွမ်းအင်တွေ ထုတ်လုပ်မူကိုဖြစ်ပေါ်စတေဲ့ ဓာတုတုံ့ပြန်မှုတွေမှာ အရေးကြီးတဲ့နေရာကနေ ပါဝင်ပေးပါတယ်။ ဒီအာဟာရဓာတ်မရှိရင် ဇီဝဖြစ်စဉ်နဲ့ စွမ်းအင်ထုတ်လုပ်မှုဖြစ်စဉ်က နှေးကွေးသွားစေပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ်ကို ဦးနှောက်လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးဖို့နဲ့ ကြွက်သားတွေပြေလျော့စေဖို့အတွက် ကူညီပေးနေတဲ့ အင်ဇိုင်းဓာတ်တုံ့ပြန်မှု (၃၀၀) ကျော်အတွက် လိုအပ်ပါတယ်။ အာလူး၊ အစေ့အဆံနဲ့ ပဲအမျိုးမျိုးတို့ကနေ မဂ္ဂနီစီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။
သံဓာတ်

Source: Healthifyme
ဇီဝဖြစ်စဉ်ကို သံဓာတ်ဟာလည်း အရေးပါပါတယ်။ သွေးထဲမှာ သံဓာတ်ပမာဏနည်းခြင်းက ကြွက်သားတွေဆီ အောက်စီဂျင်ပမာဏ ပို့လွှတ်မှုနည်းခြင်းပါပဲ။ ဇီဝဖြစ်စဉ်နှုန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဗာဒံစေ့၊ ငါး၊ အသားနဲ့ ပဲပိစပ်တွေကနေ သံဓာတ်ကိုရရှိနိုင်ပါတယ်။
ကယ်လ်စီယမ်

Source: Broadcast Cover
လေ့လာမှုတွေအရ ကယ်လ်စီယမ်ဓာတ်က သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပြီး ဇီဝဖြစ်စဉ်အားကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ်က ခန္ဓာကိုယ်ရဲ့ အခြေခံအပူချိန်ကို မြှင့်တင်ပေးတာကြောင့် ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးတဲ့အပြင် ခန္ဓာကိုယ်က အဆီပိုတွေကိုလည်း လောင်ကျွမ်းအောင် ကူညီပေးနိုင်ပါတယ်။ နို့ထွက်ပစ္စည်း၊ ဗာဒံစေ့ နဲ့ အစေ့အဆံတွေစားပေးခြင်းက ကယ်စီယမ်ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။
Featured Image Source: The Seattle Times
