အမျိုးသားတော်တော်များများဟာ ဂရုစိုက်သင့်တဲ့ ကျန်းမာရေး လက္ခဏာတွေကို လျစ်လျူရှုထားတက်ကြတယ်။ “ငါအဆင်ပြေသွားမှာပါ” ဆိုတဲ့စကားက အမျိုး သားတွေ ရောဂါလက္ခဏာ တခုခုပြရင် ပြောတက်တဲ့ စကားဖြစ်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် အသက်တိုရတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ အထင်ရှားဆုံးအချက်ကတော့ အမျိုးသားတွေက အမျိုးသမီးတွေထက် ဆရာဝန်တွေကို ရှောင်ရှားတာနဲ့ ကျန်းမာရေးကိုလျစ်လျူရှုထားတာပါပဲ။ ဒီနေ့ kwee page ကအမျိုးသားတွေအနေနဲ့ လျစ်လျူရှုမထားသင့်တဲ့ ကျန်းမာရေး ပြဿနာတွေအကြောင်းပါပဲ။

အစာမျိုချရခက်ခြင်း

Source: Johns Hopkins Medicine

အစာမျိုချရခက်ခြင်းဟာ အမျိုးသားတွေ ဘယ်တော့မှ လျစ်လျူမရှုသင့်တဲ့ ရောဂါလက္ခဏာ တစ်ခုပါ။ နယူးယောက်မြို့မှာ ရှိတဲ့ အမျိုးသားကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု ဌာနက ဆရာဝန်တွေ David Poppers ပြောကြားချက်အရ အစာမျိုချဖို့ ခက်ခဲတာဟာ အစားအစာတွေနဲ့ ဓာတ်မတည့်မှုရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်သလို အစာပြွန်ကင်ဆာဖြစ်နိုင်ချေလည်း ရှိတယ်လို့ ဆိုပါတယ်။

မရည်ရွယ်ဘဲ ဝိတ်ကျသွားတာ

သင်ကဝနေတဲ့ လူဖြစ်တယ်ဆိုပါစို့။ အစားလျှော့လို့ လေ့ကျင့်ခန်းလုပ်လို့ ဝိတ်ကျသွားတာက ကောင်းတဲ့လက္ခဏာပါ။ ဒါပေမယ့် ရုတ်တရက်ပြီး ဘာမှမလုပ်ဘဲနဲ့ ကိုယ်အလေးချိန် လျှော့ကျသွားခြင်းက ကောင်းတဲ့အချက် မဟုတ်ပါဘူး။ Dr. Popper ကတော့ ဒါဟာ ဂရုစိုက်သင့်တဲ့ ရောဂါလက္ခဏာဖြစ်တယ်လို့ သတိပေးထားပါတယ်။

အိပ်မရတာ (သို့) ပုံမှန်ထက်ပိုအိပ်တာ

အရမ်းအိပ်နေတာ၊ နည်းနည်းပဲ အိပ်ပျော်တာ ဒါမှမဟုတ် အိပ်ရခက်တာတွေ ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်ပြဖို့ လိုအပ်နေပါပြီ။ အိပ်မရတာ (သို့) ပုံမှန်ထက်ပိုအိပ်တာက အရေးကြီးတဲ့ ရောဂါလက္ခဏာတစ်ခု ဖြစ်ကြောင်း ဆရာဝန်တွေက ပြေထားပါတယ်။ ဒါတွေဟာ စိတ်ကျရောဂါ၊ အိပ်စေချိန်မှာ အသက်ရှုကြပ်ခြင်း၊ ကိုယ်အလေးချိန် ပြောင်းခြင်း နဲ့ ဆီးချိုရောဂါတွေ ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။

ဆီးသွားရခက်ခြင်း

ရုတ်တရက်ကြီး ဆီးသွားရခက်တာမျိုးတွေကို ကြုံနေရပြီဆိုရင် သင့်ရဲ့ ဆီး ဒါမှမဟုတ် သုတ်ထဲမှာ သွေးတွေ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတွေကြောင့် လိင်တံထောင်မတ်ဖို့ ခက်ခဲခြင်းနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်နိုင်ချေ ရှိတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

Source: The Healthy