ညဘက်ကောင်းကောင်း အိပ်ပျော်နိုင်ဖို့ဟာ ပုံမှန်လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်သလိုပဲ အရေးကြီးပါတယ်။ လေ့လာမှုတွေအရ အိပ်ချိန်မပြည့်ဝခြင်းဟာ ဟော်မုန်းတွေအပေါ်မှာ မကောင်းတဲ့သက်ရောက်မှုရှိစေတဲ့အပြင် ဦးနှောက်အပေါ်မှာလည်း သက်ရောက်မှုရှိစေပါတယ်။ ပြီးတော့ အိပ်ချိန်မပြည်ဝခြင်းဟာ ဝိတ်တတ်စေတာ၊ ရောဂါပိုးတွေ ကူးစက်လွယ်တာ စသဖြင့် ဆိုးကျိုးတွေ ရှိစေပါတယ်။ ဒီနေ့တော့ ညဘက် ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးသွားမှာပါ။
အိပ်ချိန်မှန်ဖို့အရေးကြီးတယ်

Source: BioEnergy Consult
တစ်ညကို (၈) နာရီထက်ပိုပြီးမအိပ်ပါနဲ့။ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ အနည်းဆုံး အိပ်ချိန် (၇) နာရီရှိဖို့ လိုအပ်ပါတယ်။ လူအများစုကတော့ ညဘက် (၈) နာရီအိပ်ရင် လုံလောက်ပါပြီ။ ညတိုင်း အိပ်ရာဝင်ချိန် ပုံမှန်ဖြစ်အောင်ကြိုးစားပါ။ အလုပ်ဖွင့်ရက်တွေမှာ ည (၁၀) နာရီ အိပ်ယာဝင်တယ်ဆိုရင် စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာလည်း (၁၀) နာရီမှာ အိပ်ရာဝင်ပါ။
ပိတ်ရက်မလို့ ညဉ့်နက်ထိ နေလိုက်မယ်ဆိုရင် နေ့စဉ်အိပ်စက်ချိန် အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။ အကယ်၍ မိနစ် (၂၀) အတွင်းမှာ အိပ်မပျော်ဘူးဆိုရင် အိပ်ရာပေါ်ကထပြီး စိတ်တည်ငြိမ်သွားအောင် စာဖတ်တာဖြစ်ဖြစ်၊ သီချင်းနားထောင်တာဖြစ်ဖြစ် လုပ်နေလိုက်ပါ။ အနည်းငယ် ပင်ပန်းလာပြီဆိုရင် အိပ်ပျော်အောင် ကြိုးစားကြည့်ပါ။
အစားအသောက် သတိထားပါ

Source: Healthline
ဗိုက်ဟောင်းလောင်းဖြင့် အိပ်ရာမဝင်ပါနဲ့။ ဗိုက်တင်းကားနေအောင်စားပြီးမှလည်း အိပ်ရာမဝင်ပါနဲ့။ အထူးသဖြင့် အိပ်ရာမဝင်ခင် အစာခြေဖျက်ရခက်တဲ့ အစားအစာတွေ စားခြင်းမှ ရှောင်ရှားပေးပါ။ ဒါက သင့်ကို အိပ်ပျော်ဖို့ခက်စေမှာပါ။
ကဖင်းဓာတ်၊ အဲလ်ကိုဟော သောက်သုံးခြင်းမှလည်း ရှောင်ရှားပေးပါ။ ကဖင်းဓာတ်ဟာ သင့်ကို တစ်ညလုံးအိပ်မပျော်အောင် ဖြစ်စေနိုင်ပါတယ်။ အဲလ်ကိုဟောကလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ

Source: CNet
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေဟာ သွေးလည်ပတ်မှု မှန်ကန်စေပြီး ခန္ဓာကိုယ်ကိုလည်း အထိုက်အလျောက် မောပန်းစေတာမို့ ကောင်းကောင်း အိပ်ပျော်စေပါတယ်။လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်စရာမလိုအပ်ပါဘူး။ ယောဂတို့၊ အေရိုးဗစ်တို့လို လေ့ကျင့်ခန်းမျိုးတွေဆို အဆင်ပြေပါတယ်။ အိပ်ခါနီးမှ လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။
အိပ်ရာကို အိပ်ဖို့ပဲ သုံးပါ

Source: The Jakarta Post
ဟိတ်။ အဝေးကြီး လျှောက်မစဉ်းစားနဲ့။ အိပ်ရာပေါ်မှာ စားတာ၊ သောက်တာ၊ TV ကြည့်တာ၊ ဖုန်းကြည့်တာ၊ Laptop ကြီး ဖွင့်ထားတာ၊ အလုပ်လုပ်တာမျိုး မလုပ်ပါနဲ့။ ဦးနှောက်ကို အကျင့်လုပ်ပေးပါ။ ဒါတွေ လုပ်မယ့်အစား စာဖတ်တာ၊ တရားထိုင်တာ နဲ့ Soothing Music (စိတ်ငြိမ်စေမယ့် သီချင်းအေးအေးလေးတွေ) ဖွင့်ထားတာမျိုး လုပ်ပါ။
