အရှေ့တောင်အာရှသားတွေရဲ့ အသားအရည်ဟာ အများအားဖြင့် အညိုနဲ့ အဝါရောင် ခပ်လတ်လတ် အသားအရည် များပါတယ်။ ဒါက အကြမ်းဖျဉ်း သတ်မှတ်မှုဖြစ်ပြီး ဒီအသားအရည်ပိုင်ရှင်အားလုံးနဲ့ အကျုံးဝင်တဲ့ အကောင်းဆုံးအဝတ်အစားအရောင်တွေ မျှဝေပေးချင်ပါတယ်။
(၁) Navy Blue

Photo: Gentleman Within
Navy Blue ကတော့ ဘယ်အသားအရောင်နဲ့မဆို လိုက်ဖက်တဲ့ အရောင်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Blazer ကုတ်တွေကို နက်ပြာရောင်နဲ့ အတွေ့များတာ ဖြစ်ပါတယ်။ Navy Blue Suit နဲ့ဆိုရင် ဂျက်ကတ် ဒါမှမဟုတ် Vest နဲ့ Sneaker တွေလည်း တွဲဝတ်လို့ ကောင်းပါတယ်။
(၂) Grey

Photo: Gentleman Within
အဝတ်အစား ဘာရောင်ဝတ်ရမလဲ မစဉ်းစားချင်ရင် မီးခိုးရောင် Grey ကာလာကို ရွေးပါ။ Grey Color ဟာ ဘယ်တော့မှ ပြဿနာမရှိတဲ့ အရောင် ဖြစ်ပြီး Plain ပဲ ဖြစ်ဖြစ် Pattern စင်းပဲ ဝတ်ဝတ် အဆင်ပြေလို့ ဖြစ်ပါတယ်။
(၃) Cream

Photo: Gentleman Within
Cream Color ဆိုတာ မြင်အောင် ပြောရမယ်ဆိုရင် အဖြူနီးပါး ကာလာ ဖြစ်ပြီး အသားလတ်တဲ့ အမျိုးသားတွေနဲ့ လိုက်ပါတယ်။ Cream Color ကို ဝတ်ဖို့အကောင်းဆုံး အချိန်က နွေရာသီလို ပူနွေးတဲ့ရာသီမျိုးမှာ ဖြစ်ပါတယ်။
(၄) Brown

Photo: Gentleman Within
ဆွဲဆောင်မှုရှိတဲ့ အရောင်တွေထဲမှာ အညိုရောင် Brown Color တွေလည်း ပါပါတယ်။ Brown ဖျော့ဆိုရင် ချောကလက်နက်ရောင်ပြေးကာလာနဲ့ တွဲဝတ်သင့်ပါတယ်။ Brown အရင့်ဆိုရင် သူနဲ့ အရောင်ချင်းဟပ်တဲ့ နက်ပြာရောင်/အညိုရင့်ရောင် ဘောင်းဘီတွေနဲ့ လိုက်ဖက်ပါတယ်။
(၅) Olive Green

Photo: Gentleman Within
Olive Green စိမ်းပုံက အစိမ်းပုတ်အရင့်ဖက် လုပါတယ်။ များသောအားဖြင့် Olive Green ရောင်ကို ဂျက်ကတ်တွေမှာ တွေ့ရပါတယ်။ တီရှပ်တွေမှာလည်း တွေ့ရတာပါပဲ။ Olive Green နဲ့ လိုက်ဖက်တာက အပြာနဲ့ အညိုရောင် ကာလာတွေ ဖြစ်ပါတယ်။
(၆) Burgundy

Photo: Politix
အတော်များများကတော့ ဒီအရောင်ကို ဆောင်းရာသီလိုမျိုး အေးပြီး မှိုင်းတဲ့ကာလတွေမှာ ဝတ်ကြပါတယ်။ မရမ်းစေ့ရောင် Burgundy ကာလာကို အနက်ရောင် ဘောင်းဘီ/ကုတ်အင်္ကျီ/တီရှပ်တို့နဲ့ တွဲဝတ်ရင် ပိုကြည့်လို့ကောင်းပါတယ်။
(၇) Beige

Photo: wellbuiltstyle
Beige ကာလာဟာ အဝါနုဆန်ပါတယ်။ များသောအားဖြင့် ကာကီဖျော့လို့လည်း ပြောကြပါတယ်။ ဒီအရောင်ဟာ ပေါ့ပါးပြီး သွက်လက်မှု ဆောင်ပါတယ်။ နွေဦးပေါက်ကာလတွေနဲ့ အလိုက်ဖက်ဆုံးအရောင် ဖြစ်ပြီး Business Casual Style အနေနဲ့လည်း အဝတ်များကြပါတယ်။
