Jeans တွေက ပုဂ္ဂလိကဆန်တဲ့ ခံစားချက်ပေးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် Jeans စတိုင်မှာ အကြိုက်မတူကြလို့ ဖြစ်ပါတယ်။ တချို့က Jeans ဆိုရင် တည့်ပွလို့ ခေါ်တဲ့ Straight Leg တွေ ကြိုက်ကြပြီး တချို့က အသားကပ် Skinny Type ကို သဘောကျပါတယ်။ တချို့လည်း ဝတ်ရတာ ပိုပြီး Well-Fitting ကျတဲ့ Skinny Jeans စတိုင်တွေ နှစ်သက်ကြတာပါပဲ။ ဘယ်လိုပုံစံပဲ သဘောကျကျသည်ဖြစ်စေ Jeans တွေကတော့ ယောင်္ကျားလေးတွေ နှစ်သက်တဲ့ ဖက်ရှင်တစ်မျိုးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီနှစ်အတွက်ရော ဘယ်လို Jeans Brands တွေက အကောင်းဆုံး စာရင်းဝင်သလဲဆိုတာလေး ရွေးချယ်ပေးချင်ပါတယ်။
(၁) Levi’s

Photo: Gentleman Within
၁၈၅၃ ကတည်းက Levi’s တံဆိပ် Jeans ဖက်ရှင် စပြီး တည်ထောင်ခဲ့တာပါ။ သက်တမ်းနှစ်ပေါင်း ၁၆၀ ကျော်ကြာမြင့်ပြီ ဖြစ်တဲ့ Jeans ကုမ္ပဏီတစ်ခုဟာ သမိုင်းတွင်တဲ့ Jeans ဖက်ရှင်တွေ ဆက်လက်ရက်လုပ်ရောင်းချနေဆဲ ဖြစ်ပါတယ်။ Levi’s က ထွက်တဲ့ 501 ၊ 510 Skinny Jean ၊ 511 Slim Jeans ၊ 512 Tapered Jeans နဲ့ 541 Athletic Jeans တွေက ထင်ရှားတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။
(၂) Everlane

Photo: Gentleman Within
Everlane က ထွက်ထားတာ မကြာသေးပါဘူး။ ၂၀၁၀ ကမှ မိုက်ကယ်ပရက်စ်မန်းနဲ့ ဂျက်ဆီဖားမားတို့ ထောင်ခဲ့တဲ့ ဖက်ရှင်အမှတ်တံဆိပ်ဖြစ်ပါတယ်။ တာရှည်ခံဖို့ ဦးစားပေးပြီး ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ထွက်ပါတယ်။ Everlance Slim Fit Jeans တွေဟာ ဝတ်ရတာ သက်တောင့်သက်သာရှိပြီး အထိုင်အထ/လှုပ်ရှားလို့ ကောင်းတယ်လို့ နာမည်ကျော်ပါတယ်။
(၃) American Eagle Outfitters

Photo: Gentleman Within
American Eagle Outfitters (AEO) ကို ဂျယ်ရီနဲ့ မာ့ခ် ဆေးလ်ဗားမင်း ညီအစ်ကိုနှစ်ဦးက ပင်န်ဆီဗေးနီးယားမှာ စပြီး တည်ထောင်ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်က တည်ထောင်ခဲ့တာ ဖြစ်ပြီး အမျိုးသားဝတ်ရော အမျိုးသမီးဝတ်ပါ ထွက်ပါတယ်။ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်တန်း လူငယ်တွေအတွက် အဓိကထားပြီး ထုတ်တာပါ။
AOE က ထွက်တဲ့ ဆွဲသားဒီဇိုင်း Flex Design ဖက်ရှင်ဟာ နာမည်ကျော်ပါတယ်။ ဖီလာဒီဖီးယား အထည်အလိပ်နဲ့ သိပ္ပံကျောင်းထွက် ကလင့်ဂရွမ်းဆိုသူက ဖန်တီးခဲ့တဲ့ ဖက်ရှင် ဖြစ်ပါတယ်။၂၀၂၀ မှာ American Eagle ဟာ အမေရိကန်နဲ့ ကနေဒါတို့မှာ စတိုးဆိုင်ပေါင်း ၇၀၀ ကျော် လည်ပတ်နေပြီ ဖြစ်ပါတယ်။
(၄) Mott & Bow

Photo: Gentleman Within
ပရီမီယံ Jeans တွေကို သင့်တင့်တဲ့ဈေးနဲ့ ဝယ်နိုင်အောင် ထုတ်လို့ ရမလားဆိုတဲ့ မေးခွန်းကနေ Mott & Bow ဆိုတာ ဖြစ်လာတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကမှ အယ်လီဂျန်ဒရို ချာဟင်ဆိုသူက တည်ထောင်ခဲ့တာပါ။ သူ့မိသားစုက ဟွန်ဒူးရပ်စ်မှာ Denim စက်ရုံတစ်ခု ထောင်ခဲ့တာပါ။
ကလေးဘဝကလည်းက ချာဟင်ဟာ Denim ထည်တွေအကြားမှာ အချိန်ကုန်ခဲ့ရတာ ဖြစ်လို့ သူကြီးလာတဲ့အခါ Jeans ဖက်ရှင်လုပ်ငန်းထောင်တာ သိပ်တော့ အဆန်းမဟုတ်ပါ။ Mott & Bow က ထုတ်တဲ့ Jeans တွေထဲမှာ Skinny ၊ Slim နဲ့ Straight Fit အမျိုးမျိုးရှိပါတယ်။ အရောင်အနေနဲ့ Dark Blue ၊ Medium Blue ၊ Black နဲ့ Gray ကာလာတွေ ထွက်ပါတယ်။
(၅) UNIQLO

Photo: Gentleman Within
ဒီတစ်ခုက ဂျပန်အမှတ်တံဆိပ်ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်က ဖွင့်ခဲ့တာပါ။ ရိုးရှင်းပြီး High-Quality ဆန်တဲ့ ဖက်ရှင်တွေ ထုတ်ပါတယ်။ UNIQLO ဆိုတာ Unique Clothing ဆိုတဲ့ စကားလုံးနှစ်လုံးပေါင်းထားတာပါ။ လုပ်ငန်းမှတ်ပုံတင်ချိန်မှာ C တစ်လုံး ပြုတ်သွားတာ ဖြစ်ပေမယ့် ဒီနာမည်အတိုင်းပဲ ဆက်ပြီး လုပ်ငန်းလည်ပတ်ခဲ့ပါတယ်။
အခုဆို UNIQLO ဟာ ကမ္ဘာအရပ်ရပ် ၁၈ နိုင်ငံမှာ စတိုးဆိုင်ပေါင်း ၁၃၀၀ ကျော် ဖွင့်လှစ်လည်ပတ်ထားပါတယ်။ UNIQLO က အောင်မြင်မှု ရတာ မြန်ဆန်တဲ့ Brand တစ်ခုဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ သူတို့ဆိုင်က Jeans နဲ့ Chinos တွေ မကိုက်ရင်လည်း ဆိုင်မှာရော/အွန်လိုင်းမှာပါ လာလဲလို့ရအောင် လုပ်ပေးထားတာပါ။
