အမေရိကန်နိုင်ငံသားများ COVID-19 ကူးစက်မှု လျော့ပါးစေရေးအတွက် တခြားသူတွေနဲ့ ထိတွေ့မှု ကန့်သတ်ပြီး အသွားအလာထိန်းချုပ်မှုကို ၁၄ ရက်အစား ၇ ရက်နဲ့ ၁၀ ရက်အကြား ဖြစ်သင့်တယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာများ (CDC) က အကြံပြုလိုက်ပါတယ်။

CDC အနေနဲ့ နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမဖြစ်စေရေးအတွက် Quarantine ထားတဲ့ကာလကို လျှော့ချဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဖက်ဒရယ်အေဂျင်စီဟာ COVID-19 လူနာတွေနဲ့ ထိတွေ့မှု ရှိထားသူတွေကို ၁၄ ရက်ကြာ Quarantine ထားဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Photo: NBC News

အာဏာပိုင်တွေအနေနဲ့ လမ်းညွှန်မှုသစ်တွေ ထုတ်ပြန်ပြီးနောက် Quarantine ထားမှုကို ၇ ရက်ကနေ ၁၀ ရက်အတွင်း လျှော့ချသွားဖို့ ရှိတယ်လို့ The Wall Street Journal သတင်းက ဆိုပါတယ်။

“CDC အနေနဲ့ COVID-19 ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အကြောင်း အသစ်အသစ် နားလည်သ‌‌ဘောပေါက်ချက်တွေကို ထည့်တွက်ပြီး လမ်းညွှန်ချက်တွေနဲ့ အကြံပြုချက်တွေ အမြဲတမ်းသုံးသပ်မှုလုပ်နေပါတယ်။ သင့်တော်တဲ့အချိန်မှာ ဒီလိုအပြောင်းအလဲတွေအကြောင်းကိုလည်း ကြေညာသွားမှာပါ။”လို့ CDC ပြောရေးဆိုခွင့်ရှိသူတစ်ဦးက NBC News ကို ပြောပါတယ်။

၁၄ ရက် Q ဝင်ခြင်းဟာ ကိုယ်ကနေ တခြားသူဆီ မကူးဖို့နဲ့ ကိုယ့်မှာ COVID-19 ရှိမရှိ သိဖို့အတွက် စိတ်ချရတဲ့ ကာလအတိုင်းအတာတစ်ခုအဖြစ် လက်ခံထားတာပါ။ နိုဝင်ဘာ ၂၀ ရက်နေ့မှာ Quarantine နည်းဗျူဟာပိုင်းအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာခရီးသွားလမ်းညွှန်သစ်ကိုလည်း ညွှန်ကြားထားပါတယ်။

Photo: NBC Bay Area

CDC ရဲ့ ညွှန်ကြားချက်သစ်မှာ နိုင်ငံတကာ ခရီးသွားတွေဟာ ခရီးသွားရာကနေ ပြန်ရောက်ပြီး သုံးရက်ကနေ ၅ ရက်အတွင်း ရောဂါစစ်ဆေးမှု ခံယူပြီး Negative ဖြစ်တယ်ဆိုရင် သေချာအောင် အိမ်မှာ တစ်ပတ်နေထိုင်ရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကျွမ်းကျင်သူတွေကတော့ အသစ်ပြင်ဆင်လိုက်တဲ့ လမ်းညွှန်ချက်ဟာ လူတွေကို အရင်ကထက် Quarantine ဝင်ဖို့ တိုက်တွန်းရလွယ်ကူစေနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။