ကိုယ့်ကိုယ်ကိုယ် ကတိပေးထားဖူးတာတွေ ရှိခဲ့လား။ တကယ်တော့ ခံယူချက်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကတိပေးခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ လူတွေရဲ့ ဘဝကို သူတို့ရဲ့ ခံယူချက်တွေက ပြုပြင်စီမံတဲ့သဘောရှိပါတယ်။ တိုးတက်ချင်တဲ့သူတစ်ယောက်ဟာ ကိုယ့်ခံယူချက်ကို ခိုင်မြဲစစ်မှန်ဖို့ ဂရုစိုက်သင့်ပါတယ်။ ဒီတစ်ခါမှာ ခံယူချက်တွေရဲ့ အကြောင်းတရားတစ်ခု ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်ကတိပေးမှုနဲ့ ပတ်သက်လို့ ဘယ်လိုကတိတွေ ပေးသင့်သလဲဆိုတာ မျှဝေအကြံပေးသွားချင်ပါတယ်။

(၁) အလေးအနက်စဉ်းစားဖို့ အချိန်ချန်လှပ်မယ်လို့ ကတိပေးပါ

Photo: Freepik

ဘဝမှာ ဘာကိုမှ အလေးအနက်မစဉ်းစားဘဲ သင်္ချိုင်းထဲ ရောက်သွားသူတွေ ရှိပါတယ်။ ဒီထဲမှာ ကိုယ်မပါပါစေနဲ့။ လူ့ဘဝရဲ့ အနှစ်သာရဆိုတာ အလုပ်အကိုင်ရရုံ ၊ အိမ်ထောင်ကျရုံလောက် မဟုတ်ပါဘူး။ ဒီထက်ပိုပြီး ကောင်းမြတ်မှန်ကန်တဲ့တရားတွေဆိုတာ ရှိပါတယ်။ ဒါတွေအတွက် အချိန်ပေးမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပြုထားဖို့လည်း လိုပါတယ်။

(၂) အခွင့်အလမ်း မလာသေးခင်က ကြိုတင်ပြင်ဆင်ထားမယ်လို့ ကတိပြုပါ

Photo: Freepik

အခွင့်အရေးဆိုတာ ဘယ်အချိန်လာမယ်လို့ အချိန်းအချက်လုပ်တတ်တဲ့သဘော မရှိပါဘူး။ ဘယ်အချိန်ပဲလာလာ ကိုယ့်ဘက်က ပြင်ဆင်ပြီး ဖြစ်စေရမယ်လို့ပဲ သံဓိဌာန်ပြုထားပါ။ အခွင့်အရေးက တံခါးခေါက်ဖို့ လက်မရွယ်ခင်ကတည်းက တံခါးနားမှာ ရပ်စောင့်နေတာ ကိုယ်ဖြစ်ပါစေ။

(၃) ယောင်္ကျားကောင်းဖြစ်အောင် နေမယ်လို့ ကတိပြုပါ

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တိုင်း စိတ်တိုင်းကျရတဲ့ ကိုယ်ကျင့်တရား ၊ ယောင်္ကျားပီသတဲ့ စိတ်နေသဘောထားနဲ့ သတ္တိရှိတဲ့ အမျိုးကောင်းသားတစ်ယောက်ဖြစ်စေရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားပါ။ အဲ့ဒီကတိကို တည်စေဖို့ ယောင်္ကျားပီသခြင်းအတွက် လိုအပ်တဲ့အရာတွေ ကိုယ့်မှာ ပြည့်စုံအောင် အမြဲဖြည့်ဆည်းရမယ်လို့လည်း သတိပေးနေပါ။

(၄) အချိန်တန်လို့ လက်လွှတ်ရမယ်ဆိုရင်လည်း ပြတ်သားဖို့ ကတိပြုပါ

Photo: Freepik

ဘယ်အရာကိုမှ သိမ်းပိုက်ထားလို့ မရပါဘူး။ တချိန်ချိန်မှာ ကိုယ်ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဆုံးရှုံးရပြီဆိုရင်လည်း ခံနိုင်ရည်ရှိစေရမယ်လို့ ကတိပြုပါ။ အသက်ကြီးလာတဲ့အခါ ငယ်ရွယ်ပျိုမြစ်မှုနဲ့ ကျန်းမာရေးတွေကို လက်လွှတ်လိုက်ရတာပါပဲ။ ဒါကြီးကို ဝမ်းနည်းနေမယ့်အစား တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံတတ်ဖို့ပဲ ကြိုးစားသင့်ပါတယ်။

(၅) တစ်ခါလဲကျတိုင်း နောက်တစ်ကြိမ် ထပ်ကြိုးစားမယ်လို့ ကတိပြုပါ

Photo: Freepik

ချန်ပီယံဆိုတာ ဘယ်တော့မှ မရှုံးနိမ့်တဲ့သူကို ပြောတာ မဟုတ်ပါဘူး။ နောက်တစ်ကြိမ် နိုင်အောင် ကြိုးစားသူကို ပြောတာ ဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်မှုရချင်ရင် လွယ်လွယ်နဲ့ လက်လျှော့တဲ့အကျင့်ဆိုးကို ဖျောက်ဖျက်ပစ်ရမယ်ဆိုတဲ့ အသိကို နှလုံးသွင်းထားသင့်ပါတယ်။ အရေးကြီးတာက နောက်ထပ်ကြိုးစားဖို့ သတ္တိကောင်းသူ ဖြစ်ရမယ်ဆိုတာပါပဲ။