လိမ္မော်၊ ပန်းသီး၊ စပျစ်သီးနှင့် နာနတ်သီး ကဲ့သို့အသီးဖျော်ရည်တွေကို လူကြိုက်များသလို မုန်လာဥဖျော်ရည်ဟာလည်း နောက်ပိုင်းမှာ ကျန်းမာရေးအတွက် လူကြိုက်များလာတဲ့ ဖျော်ရည်တစ်မျိုးလို့ပြောရင် မမှားနိုင်ပါဘူး။ မုန်လာဥဖျော်ရည်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တော်တော်များများပါဝင်ပြီး ကျန်းမာရေးကိုအလွန်အထောက်အကူပြုတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မုန်လာဥဖျော်ရည် စတင်သောက်ပေးခြင်းဖြင့် သင့် ခန္ဓာကိုယ်မှာဘာတွေထူးခြားလာမလဲ ဘယ်လိုကောင်းကျိုးတွေရလာမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) ဇီဝဖြစ်စဉ်ကိုမြှင့်တင်ပေးတယ်

မုလာနီမှာပါဝင်တဲ့ ဗီတာမင် B က သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆီများ၊ ပရိုတင်းများနှင့် ကာဘိုဟိုက်ဒရိတ်များကို ဖြိုခွင်းပေးဖို့ကူညီပေးပြီး စွမ်းအင်အဖြစ်ပြောင်းလဲပေးပါတယ်။ ၎င်းမှာ ကျန်းမာတဲ့အမျှင်ဓာတ်များလည်းပါဝင်တာကြောင့် အဝလွန်ခြင်းကိုကာကွယ်ပေးပြီး ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားပေးနိုင်ပါတယ်။
(၂) အမျက်အာရုံကောင်းစေတယ်

မုန်လာဥဖျော်ရည်မှာ ပါဝင်တဲ့ ဗီတာမင် A က မျက်စိနှင့်အမြင်အာရုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ၎င်းက မျက်စိမှုန်ခြင်း အမြင်မကြည်လင်ခြင်းနဲ့ာ မျက်လုံးကိုကာကွယ်ပေးပြီး အသက်အရွယ်နှင့်ဆက်စပ်သော မျက်လုံးကြွက်သားများ ယိုယွင်းပျက်စီးခြင်းနဲ့ မျက်စိနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာများကိုလည်းလျော့နည်းစေပါတယ်။
(၃) ကိုယ်ခံအားကောင်းစေတယ်

မုလာဥနီမှာ carotenoids ပါဝင်ပြီး ၎င်းက ခန္ဓာကိုယ်တွင်းသို့ရောဂါပိုးမွှားများအလွယ်တကူမဝင်ရောက်နိုင်အောင် ကာကွယ်ပေးတဲ့ သွေးဖြူဥထုတ်လုပ်မှုကို ထောက်ပံ့ပေးပါတယ်။ ဒါကြောင့်နေ့စဉ်ပုံမှန် မုန်လာဥဖျော်ရည်မှာသောက်ပေးမယ်ဆိုရင် ကိုယ်ခံအားကောင်းစေမှာဖြစ်ပြီး အအေးမိခြင်း ဖျားနာခြင်းတွေကို ကောင်းစွာခုခံကာကွယ်ပေးမှာပါ။
(၄) ကင်ဆာရောဂါကို ကာကွယ်ပေးတယ်

မုန်လာဥဖျော်ရည်မှာ အကျိုးပြု antioxidant များပါဝင်ပြီး ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းပေးပါတယ်။ အဆိုပါ antioxidant များက ခန္ဓာကိုယ်ဆဲလ်များကိုပျက်စီးစေတဲ့ free radicals များကိုလျော့ပါးစေနိုင်ပါတယ်။ လေ့လာမှုတွေအရလည်း မုန်လာဥဖျော်ရည်သောက်ပေးခြင်းက ကင်ဆာအမျိုးအစားတော်တော်များများကို တိုက်ထုတ်ကာကွယ်ပေးတယ်လို့ဆိုပါတယ်။
(၅) အသားအရေကောင်းစေတယ်

မုန်လာဥဖျော်ရည်မှာ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဗီတာမင်K ဓာတ်များကြွယ်ဝစွာပါဝင်ပြီး ၎င်းဗီတာမင်ဓာတ်များက အသားအရေကျန်းမာဖို့ ကူညီပေးပါတယ်။ ဒါတင်မကသေးပါဘူး နေရောင်ခြည်ဒဏ်နဲ့ အိုမင်းရင့်ရော်မှုကိုတားဆီးပေးပါသေးတယ်။ ဘာကြောင့်လဲဆိုရင် ၎င်းဗီတာမင်ဓာတ်တွေက ကော်လာဂျင်ထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေတာကြောင့် အရေပြားကိုပျက်စီးစေတဲ့ အရေးအကြောင်းများနှင့် နေလောင်ခြင်း ရောင်ရမ်းခြင်းတွေကိုလည်း ကာကွယ်ပေးပြီး အသားအရေကိုကောင်းမွန်စေမှာဖြစ်ပါတယ်။
Source : Brightside
