သိပ္ပံပညာရှင်တွေဟာ ကမ္ဘာပေါ်မှာ ရှိတဲ့အရာတွေသာမက ကမ္ဘာ့အပြင်ဘက်မှာရှိတဲ့အရာတွေအကြောင်းကို ရှာဖွေတွေ့ရှိဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမယ့် သူတို့တွေ အဖြေရှာမတွေ့သေးတဲ့ အဖြစ်အပျက်တွေ ရှိနေပါသေးတယ်။ ဒီနေ့ kwee page က အဖြေမရှိသေးတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေအကြောင်း စုစည်းတင်ပြပေးလိုက်ပါတယ်။

ကြောင်တွေဘယ်လို ညည်းတာလဲ

Source: Advantage Petcare

ကြောင်တွေက သူတို့ပျော်နေတဲ့အချိန်ဆိုရင် ညည်းလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုညည်းတာလဲဆိုတာ ဘယ်သူမှမသိသေးပါဘူး။ ကြောင်တွေညည်းတဲ့အချိန်မှာ သူတို့ရဲ့ နှလုံးခုန်သံကိုတောင် မကြားရပါဘူး။

သိပ္ပံပညာရှင်တွေကတော့ ကြောင်တွေဟာ အသံကြိုးကိုအသုံးပြုပြီး အသံတုန်ခါအောင်ပြုလုပ်လေ့ရှိတယ်လို့ ပြောဆိုထားပါတယ်။ ဒီကနေထွက်လာတဲ့ ကြိမ်နှုန်းတွေက နာကျင်မှုတွေကို သက်သာစေပြီး၊ ကြောင်ညည်းရတဲ့ အကြောင်းအရင်းဟာ စိတ်ဖိစီးမှု (သို့) နာကျင်မှုကို လျှော့ချဖို့အတွက်ဖြစ်တယ်လို့ ပညာရှင်တွေက ကောက်ချက်ချထားပါတယ်။

တစ်ချို့ သက်ရှိသတ္တဝါတွေ ဘယ်ကနေလာကြတာလဲ

ကမ္ဘာပေါ်မှာရှိတဲ့ (သို့) ရှိခဲ့ကြဖူးတဲ့ သတ္တဝါ မျိုးစိတ်တော်တော်များများ ဘယ်ကနေဖြစ်ပေါ်လာကြတာလဲဆိုတာ ဘယ်သူမှ အဖြေမရှာနိုင်သေးပါဘူး။ ကုန်းနေသတ္တဝါတွေက ငါးတွေကနေ ဆင့်ကဲပြောင်းလဲလာတာလားဆိုတာကိုလည်း တိတိကျကျ ဘယ်သူမှ အဖြေမပေးနိုင်သေးပါဘူး။

ပညာရှင်တွေရဲ့ အဆိုအရ တစ်ချိန်က ကမ္ဘာကို ကြီးစိုးခဲ့တဲ့ ဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၆၅) သန်းကတည်းက မျိုးတုံးပျောက်ကွယ်ခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ နို့တိုက် သတ္တဝါမျိုးစိတ်တော်တော်များများက ဘယ်ကနေပေါ်လာမှန်းမသိဘဲ ရှင်သန်နေထိုင်လာကြပါတယ်။

နွားတွေမှာ သံလိုက်အိမ်မြှောင်ရှိသလား

Google Earth ကိုအသုံးပြုပြီးတော့ စားကျက်မြေပေါ်က နွားတွေကို သိပ္ပံပညာရှင်တွေက လေ့လာခဲ့ရာမှာ ထူးဆန်းတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ စားကျက် မြေပေါ်က နွားတွေရဲ့ (၇၀) ရာခိုင်နှုန်းလောက်ဟာ အစာစားနေချိန် (သို့) ရေသောက်နေချိန်မှာ တောင်ဘက် (သို့) မြောက်ဘက်ကို ဦးလှည့်ထားလေ့ရှိတာကို ပညာရှင်တွေက တွေ့ရှိခဲ့ကြတာပါ။ ဒါဟာ တစ်မ္ဘာလုံးကို လေ့လာထားတဲ့ အချက်အလက်ဖြစ်ပါတယ်။ ဘာလို့ ဒီလိုဖြစ်နေရတာလဲဆိုတာကို သိပ္ပံပညာရှင်တွေ ယနေ့ထက်ထိအဖြေမရှာနိုင်ကြသေးပါဘူး။

ဘာလို့ ဘယ်သန်တွေထက် ညာသန်တွေပိုများနေရတာလဲ

ကမ္ဘာပေါ်က လူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းကနေ (၉၅) ရာခိုင်နှုန်းလောက်အထိက ညာသန်တွေ ဖြစ်ကြပြီး ကျန်တဲ့ (၅) ရာခိုင်နှုန်းကနေ (၃၀) ရာခိုင်နှုန်းလောက်ကသာ ဘယ်သန်တွေ ဖြစ်ကြပါတယ်။ တစ်ချို့သောလူတွေကတော့ ဘယ်ရောညာရော ကောင်းကောင်းအသုံးပြုလို့ရတဲ့ လူတွေဖြစ်ကြပါတယ်။ ပညာရှင်တွေကတော့ မျိုးရိုးလိုက်တာလို့ပြောကြပေမယ့် ညာသန်တွေအတွက်တော့ တိကျတဲ့အဖြေမရှိသေးပါဘူး။ တစ်ချို့သော ညာသန်ကလေးတွေက ဘယ်လက်နဲ့ စာရေးလေ့ရှိတယ်ဆိုရင် ဘယ်သန်တွေဖြစ်လာကြပါတယ်။

Source: Bright Side