အထီးကျန်ဝေဒနာ အချိန်ကြာလာရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အားနည်းစေနိုင်ပါတယ်။ ရောဂါတွေကို တိုက်ထုတ်ဖို့ ခက်ခဲစေနိုင်တာပေါ့။ အထီးကျန်ဝေဒနာကြောင့် စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတွေ ထုတ်ပေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ကြောင့်ပဲ ဘုန်းဘုန်းလဲတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ kwee page က အထီးကျန်ခြင်းမှ ရလာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ဖော်ပြပေးသွားမှာပါ။

စိတ်ကျရောဂါ

Source: Times of India

စိတ်ထောင်းရင် ကိုယ်ကြေတာ သဘာဝပါပဲ။ တစ်ယောက်တည်းလို့ ခံစားရရင် ဘဝမှာမကောင်းတာတွေပဲ ထိုင်တွေးပြီး စိတ်ဓာတ်ကျလာနိုင်ပါတယ်။ စိတ်ဓာတ်ကျလေ တစ်ယောက်တည်းသီးခြားဖြစ်လေ ဖြစ်ပြီး ပိုဆိုးစေပါလိမ့်မယ်။ စိတ်ကျရောဂါပိုဆိုးလာရင် ကိုယ့်အသက် အန္တရာယ်ကိုပါ ကိုယ်ရန်ရှာတဲ့အထိ အရာရာကိုစိတ်ကုန်သွားနိုင်ပါတယ်။

အိပ်စက်ခြင်း

Source: HelpGuide.org

အထီးကျန်စိတ်နဲ့ အိပ်မရတာ၊ အိပ်ရေးမဝတာတွေဖြစ်နေရင် နောက်နေ့မှာ ဘာကိုမှအာရုံမစိုက်နိုင်တော့ဘဲ စိတ်ကလည်းမကြည်တော့ပါဘူး။ ကြာလာရင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ စိတ်ကျရောဂါနဲ့ အဝလွန်ခြင်းတွေ ဖြစ်လွယ်စေပါတယ်။

နှလုံးကျန်းမာရေး

Source: Harvard-Health

ဘဝမှာ အထီးကျန်လေ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေရှိလာနိုင်ခြေပိုများလေဖြစ်ပါတယ်။ နှလုံးသွေးကြောရောဂါ ဖြစ်လာနိုင်ခြေပိုများပါတယ်။ အထီးကျန်တယ်လို့ ခံစားရရင် ဆေးလိပ်သောက်မယ်၊ အရက်သောက်မယ်၊ စိတ်ကျမယ်၊ လှုပ်ရှားတက်ကြွမှုနည်းမယ်၊စတဲ့ ကျန်းမာရေးထိခိုက်စရာအနေအထားတွေ လုပ်မိတာများပါတယ်။

ကိုယ်အလေးချိန်

Source: Global News

စိတ်ပင်ပန်းနေတဲ့အချိန်မှာ ကိုယ်အလေးချိန်ပိုတိုးစေနိုင်ပါတယ်။ ဘာကြောင့်လဲ။ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ဖို့ ကျန်းမာရေးအတွက် ကောင်းတာရော၊ မကောင်းတာရော အကုန်လုံးကို ပုံမှန်ထက်ပိုပြီးစားမိပါရော။ စိတ်ဖိစီးမှုလေ ပိုစားလေ ပိုဝလေ ဖြစ်လာနိုင်ပါတယ်။

သွေးတိုး

Source: NewRetirement

အထီးကျန်စိတ်ကြောင့် ဖိစီးနေတဲ့အခါ ၊အထူးသဖြင့်နှစ်နဲ့ချီအောင် ကြာမြင့်နေတဲ့အခါ သွေးဖိအားက မြင့်တက်လာနိုင်ခြေပိုများတယ်။ ဒီစိတ်ကြောင့်ချည်းပဲဖြစ်ရတာမဟုတ်ပေမယ့် တခြားအကြောင်းရင်းတွေထဲမှာမှ အတော်သက်ရောက်မှုများတဲ့အချက်ဖြစ်ပါတယ်။