ဥတုသုံးပါးထဲမှာ ဆောင်းရာသီက လူအကြိုက်အများဆုံးနဲ့ နေထိုင်လို့အကောင်းဆုံးရာသီတစ်ခု ဖြစ်ပါတယ်။ ဆောင်းရာသီရဲ့ အေးချမ်းတဲ့ အငွေ့အသက်တွေက လူတွေကိုပျော်ရွင်တဲ့ ခံစားမှုရစေပါတယ်။ ဒီလို အေးချမ်းပြီး ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ဆောင်းရာသီကာလအတွင်း တစ်နေ့တာကို လန်းဆန်းတက်ကြွစွာဖြတ်သန်းနိုင်ဖို့ မနက်ခင်းမှာအခုပြောပြမယ့်အရာလေးတွေ လုပ်ဆောင်ခြင်းဖြင့် တစ်နေ့တာကိုအစပြုဖို့ အကြံပြုချင်ပါတယ်။

(၁) လိုက်ကာတွေဖွင့်ထားပါ

Source : Unica.ro

ဆောင်းရာသီက အေးအေးချမ်းချမ်းနဲ့ အိပ်လို့ကောင်းတဲ့ရာသီတစ်ခုဖြစ်တာကြောင့် မနက်ခင်းမှာအိပ်ရာထဖို့ ခက်ခဲတာတော့ အမှန်ပါပဲ။ ဒါကြောင့်သင့်အနေနဲ့ ညဘက်အိပ်ရာဝင်ချိန်ကတည်းက ပြတင်းပေါက် လိုက်ကာတွေကို ဖွင့်ထားသင့်ပါတယ်။ သင့်အိပ်ခန်းအတွင်းသို့ အလင်းရောင်ရရှိခြင်းက အိပ်ရာကနေ ကောင်းမွန်စွာနိုးထလာနိုင်ဖို့ အတွက် အကောင်းဆုံးအကြံဖြစ်ပါတယ်။

(၂) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

Source : The Pacer Blog

အေးချမ်းတဲ့ဆောင်းရာသီမနက်ခင်း အိပ်ရာထချိန်မှာ သွေးလေးနေတက်တာကြောင့် အနည်းငယ် ထှိုင်းမှိုင်းနေတက်ပါတယ်။ ဒါ့ကြောင့် အိပ်ရာနိုးတာနဲ့ အနည်းဆုံး မိနစ် ၂၀ လောက်ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ လမ်းလျောက်တာ ၊ စက်ဘီးနင်းတာ စတဲ့သွေးပူစေမယ့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်တာက သင့်ကိုအမြန်ဆုံးလန်းဆန်းတက်ကြွစေပြီး တစ်နေ့တာကို ခွန်အားအပြည့်နဲ့ဖြတ်သန်းနိုင်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

(၃) ရေမြန်မြန်ချိုးပါ

Source : Daily Mirror

ဆောင်းမနက်ခင်းတွေမှာ ရေချိုးဖို့ဆိုတာ အတော်လေးစွန့်စားရာကျတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ သို့သော်လည်း မနက်ခင်းရေချိုးတာက သင့်ကိုလန်းဆန်းတက်ကြွစေပြီး စိတ်ကူးစိတ်သန်းကောင်းတွေရစေပါတယ်။ အသားအရေကျန်းမာရေးကို လည်းကောင်းမွန်စေပြီး အသားခြောက်ခြင်း အရေပြားအက်ကွဲခြင်းစတဲ့ ပြဿနာတွေကိုလျော့နည်းစေပါတယ်။ ဒါကြောင့် ဆောင်းမနက်ခင်းမှာ ခပ်မြန်မြန်လေးရေချိုးဖို့ အကြံပြုပါရစေ။

(၄) ရေနွေးသံပုရာသောက်ပါ

Source : EyeEm

ဆောင်းမနက်ခင်းမှာ ကော်ဖီပူလေးတစ်ခွက်တောင်းတကြပေမယ့် ကော်ဖီထက်ပိုပြီးရွေးချယ်သင့်တဲ့ သောက်စရာတစ်ခုက ရေနွေးထဲကို သံပုရာသီးစိမ်ထားတဲ့ Lemon Tea တစ်ခွက်ဖြစ်ပါတယ်။ Lemon Tea က သင့်စိတ်ကိုကြည်လင်လန်းဆန်းစေနိုင်သလို အူလမ်းကြောင်းကိုလည်းသန့်စင်ပေးပြီး ကျန်းမာသောကိုယ်အလေးချိန်ကိုထိန်းထားပေးဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့်ဆောင်းရာသီ မနက်ခင်းမှာ ခပ်နွေးနွေး Lemon Tea သောက်ပေးပါ။

(၅) ပြည့်စုံမျှတအောင်စားပါ

Source : The Teenager Today

ပြီးပြည့်စုံတဲ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ဖို့ရာ အာဟာရပြည့်ဝတဲ့မနက်စာနဲ့ နေ့တစ်နေ့ကို အစပြုသင့်ပါတယ်။ မနက်စာက တစ်နေ့တာလိုအပ်တဲ့ စွမ်းအင်တွေကိုထောက်ပံ့ပေးပြီး ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့လည်း ကူညီပေးတာကြောင့် ဆောင်းမနက်ခင်းမှာ အာဟာရဓာတ်ပြည့်စုံတဲ့ မနက်စာကိုစားပေးရမှာပါ။ ကြက်ဥ ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ၊ စွတ်ပြုတ် ၊ အသီးအနှံစတဲ့အစားအစာတွေကို ပြည့်စုံမျှတအောင်စားပေးပါ။