မနက်စာက မစားဘဲနေလို့ရတယ်ဆိုတဲ့စကား သင် ကြားဖူးမယ်ထင်ပါတယ်။ တကယ်တော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေစားတာထက် မနက်စာမစားဘဲနေတာက ပိုကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဟာရဖြစ်တဲ့ မနက်စာဟာ တစ်နေ့တာလုံးအတွက် ရုန်းကန်လှုပ်ရှာဖို့ရာ အားအင်တွေဖြစ်စေနိုင်ပါတယ်။ ဒီနေ့ မနက်ခင်းအချိန်မှာ စားပေးသင့်တဲ့ အစားအစာတွေ အကြောင်းပြောပြပေးသွားမှာပါ။
ဥအမျိုးမျိုး
Source: Keck Medicine of USC
ဥအမျိုးမျိုးဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာကောင်းမွန်တဲ့ အစားအစာဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ လေ့လာမှုတွေအရ မနက်ခင်းမှာ ဥအမျိုးမျိုးစားပေးခြင်းက အဆာခံဗိုက်ပြည့်စေတဲ့အတွက် နေ့လည်နေ့ခင်းအချိန်တွေမှာ ကယ်လ်လိုရီ စားသုံးမှုလျှော့ကျစေတယ်လို့ ဆိုထားပါတယ်။ ပြီးတော့ သွေးတွင်းသကြားဓာက် နဲ့ insulin ပမာဏကိုလည်း ထိန်းညှိပေးရာရောက်ပါတယ်။
အချုပ်အနေနဲ့ပြောရရင် ဥအမျိုးမျိုးမှာ ပရိုတင်းနဲ့ အရေးပါတဲ့ အာဟာရတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ပြီးတော့ ဥအမျိုးမျိုးက အဆာခံတဲ့အတွက် ကယ်လိုရီစားသုံးမှုကို လျှော့ချပေးပါတယ်။
ဂရိဒိန်ချဉ်
Source; Live Eat Learn
ဂရိဒိန်ချဉ်ဟာ အရသာရော အာဟာရပါ ပြည့်ဝတဲ့ ဒိန်ချဉ်တစ်မျိုးပါ။ ဒိန်ချဉ်မှာပါတဲ့ ပရိုးတင်းဟာ ဆာလောင်မှုကို လျှော့ကျစေပြီး အဆီ၊ ကာဘိုဟိုက်ဒရိတ် စတာတွေထက် လောင်ကျွမ်းမှုအား ပိုကောင်းပါတယ်။
အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ဂရိဒိန်ချဉ်ဟာ ပရိုတင်းကြွယ်ဝပြီး ဆာလောင်မှုကို ထိန်းပေးတာကြောင့် ဝိတ်ကျစေပါတယ်။ ပြီးတော့ တခြား အကျိုးပြုဘက်တီးရီယား (Probiotics) များစွာ ပါဝင်ပါတယ်။
ကော်ဖီ
Source: NBC News
ကော်ဖီဟာ သင့်ရဲ့တစ်နေ့တာကို စတင်ဖို့ အကောင်းဆုံး သောက်စရာတစ်မျိုးဖြစ်ပါတယ်။ ကော်ဖီမှာ ကဖင်းဓာတ်မြှင့်မားစွာပါဝင်တာကြောင့် စိတ်ကြည်လင်နိုးကြားစေပြီး လန်းဆန်းတက်ကြွစေပါတယ်။ လေ့လာမှုတွေအရ တစ်နေ့ကို ကဖင်းဓာတ် ၃၈-၄၀၀ မီလီဂရမ် ရရှိရင် အကောင်းဆုံးအာနိသင်ကို ရရှိနိုင်တယ်လို့ ဆိုထားပါတယ်။ ကော်ဖီအများကြီးသောက်တာကတော့ ဆိုးကျိုးတွေရှိစေနိုင်ပါတယ်။
Oatmeal
Source; WebMD
Oatmeal ဟာလည်း မနက်စာအတွက် ရွေးချယ်စားပေးသင့်တဲ့ အထဲမှာပါဝင်ပါတယ်။ Oatmeal မှာ oat beta-glucan လို့ခေါ်တဲ့ fiber ပါဝင်ပါတယ်။ ဒီ fiber ကိုလက်စထရောပမာဏကို လျှော့ချပေးတာ အပါအဝင် ကျန်းမာရေးအတွက် မျာစွာအထောက်အကူပြုပါတယ်။ ပြီးတော့ Oatmeal ဟာ ဆာလောင်မှုကို လျှော့ချပေးပြီး တခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် မနက်စာအတွက် ရွေးချယ်စားသုံးပေးသင့်ပါတယ်။
ဘယ်ရီသီး
Source: The Healthy
ဘယ်ရီသီးဟာ အရသာကောင်းမွန်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့ အစားအစာပဲ ဖြစ်ပါတယ်။ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ စသဖြင့် ဖြစ်ပါတယ်။ ဘယ်ရီသီးတွေဟာ တခြားအသီးအနှံတွေထက် သကြားဓာတ်နည်းပြီး အမျှင်ဓာတ် ပိုမိုများပြားပါတယ်။ ဘယ်ရီသီးတစ်ခွက်စာမှာ ကယ်လိုရီ ၅၀ ကနေ ၈၅ ထိ ပါဝင်ပါတယ်။ ဒါ့အပြင် ဘယ်ရီသီးတွေမှာ ပါဝင်တဲ့ anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ နှလုံးအတွက် ကောင်းမွန်စေပြီး အရွယ်တင်နုပျိုစေဖို့ အထောက်အကူပြုပါတယ်။ ဘယ်ရီသီးတွေကို မနက်စာအနေနဲ့ စားသုံးဖို့ နည်းလမ်းကောင်းကတော့ ဒိန်ချဉ်နဲ့ တွဲဖက်စားသုံးဖို့ပါပဲ။
Featured Image Source: Men’s Health