ရာသီဥတု ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု နဲ့ တချို့သောကျန်းမာရေးပြဿနာများ စတဲ့အကြောင်းအမျိုးမျိုးကြောင့် ချွေးနံ့ဆိုးတွေ ထွက်တက်ပါတယ်။ ချွေးနံ့ဆိုးတွေက ရေမွှေးတွေ ချိုင်းလိမ်းဆီတွေနဲ့ ဖုံးမယ်ဆိုရင်တောင် အချိန်ခဏပဲ ပျောက်စေမှာဖြစ်ပြီး တစ်နေ့ကုန်သွားလာလှုပ်ရှားရင်း အချိန်ကြာလာတာနဲ့အမျှ အနံ့ဆိုးတွေက ပြန်ထွက်လာနိုင်ပါတယ်။ ဒီနေ့ပြောပြမယ့် နည်းလမ်းတွေကတော့‌ ချွေးနံ့ဆိုးတွေကို သဘာဝအတိုင်း သက်သာစေမယ့် နည်းလမ်းတွေပါ။

(၁) ခရမ်းချဉ်သီး

Source : Medical News Today

ရေမချိုးခင် ၁၅ မိနစ်ခန့်အလိုမှာ ခရမ်းချဉ်သီးကို ကြိတ်ချေထားတဲ့ ဖျော်ရည်အနည်းငယ်ကို သင့်ရဲ့ချိုင်းအရေပြားတစ်ဝိုက်သို့ ညင်သာစွာပွတ်လိမ်းပေးပါ။ ခရမ်းချဉ်သီးဖျော်ရည် ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်းနဲ့ ချွေးနံ့ဆိုးခြင်းကို လျော့ကျသက်သာစေတဲ့အထိရောက်ဆုံး သဘာဝပစ္စည်းတစ်ခုဖြစ်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ကို နေ့စဉ် ၁ ခွက် သို့ ၂ ခွက်သောက်ပေးခြင်းကလည်း ကိုယ်နံ့ဆိုးတွေကို သက်သာစေနိုင်ပါတယ်။

(၂) မုန့်ဖုတ်ဆော်ဒါသုံးပါ

Source : Freepik

မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း ၃ ဇွန်း ၊ သံပရာသီး တစ်စိတ်တို့ကိုရောမွှေပြီး ချိုင်းမှာလိမ်းထားပေးပါ။ ၃ မိနစ်လောက်ကြာရင်တော့ ရေဆေးချလိုက်လို့ရပါပြီ။ မုန့်ဖုတ်ဆော်ဒါက ချွေးနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းပေးပြီး အနံ့ဆိုးထွက်ခြင်းကိုသက်သာစေနိုင်ပါတယ်။

(၃) အာလူးနဲ့ပွတ်ပေးပါ

Source : NDTV Food

အာလူးကို ခပ်ပါးပါးအလွှာလေးတွေလှီးဖြတ်ပြီး ချွေးနံ့ဆိုးထွက်လေ့ရှိတဲ့ ချိုင်းအရေပြားတစ်ဝိုက်ကို ညင်သာစွာပွတ်လိမ်းပေးပါ။ အာလူးအပါအဝင်တခြားသော ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက ချွေးထွက်များခြင်းနဲ့ ချွေးနံ့ဆိုးထွက်ခြင်းကို လျော့ကျသက်သာစေပါတယ်။

(၄) ပန်းသီးရှာလကာရည်လိမ်းပါ

Source : Eat This, Not That

ပန်းသီးရှာလကာရည် ၂ ဇွန်း ၊ ရေအနည်းငယ်ရောထည့်ပြီး ဂွမ်းစဖြင့် ချိုင်းအရေပြားတစ်ဝိုက်ကို ပွတ်လိမ်းပေးပါ။ ပန်းသီးရှာလကာရည်ဟာလည်း ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းသတိရှိတာကြောင့် သဘာဝချွေးနံ့ပျောက်ဆေးအဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။

(၅) Tea Tree Oil လိမ်းပါ

Source : Healthline

Tea Tree Oil တစ်စက်ခန့်ကို ဂွမ်းစထဲထည့်ပြီး ချိုင်းကိုပွတ်လိမ်းပေးပါ။ ဝက်ခြံနဲ့အသားအရေအတွက် နာမည်ကျော်တဲ့ Tea Tree Oil ကလည်းချွေးနံ့သက်သာစေတဲ့ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ သတိထားရမှာတစ်ခုက Tea Tree Oil ဟာ အသားအရေခြောက်သွေ့စေနိုင်တာကြောင့် အများကြီးနဲ့ မကြာခဏမသုံးမိဖို့ ပါပဲ။