တစ်နေ့တာမှာ စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်ခြင်းတွေက မထင်မှတ်ပဲ ကြုံတွေ့ရတက်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေကို လျော့ချနိုင်ဖို့ သင့်ရဲ့လူနေမှုပုံစံ အနည်းငယ်ပြောင်းလဲနိုင်သလို အစားအစာတွေနဲ့လည်း စိတ်ဖိစီးမှုကို လျော့ချနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘယ်လိုအစားအစာတွေက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေကို တိုက်ထုတ်ပေးနိုင်လဲဆိုတာ ပြောပြပေးသွားမှာပါ။

(၁) Green Tea

Source : Reputation Today

ခန္ဓာကိုယ်အတွက် အကျိုးပြုဓာတ်တွေများစွာပါဝင်တဲ့ Green Tea ဟာဆိုရင်လည်း စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ရာမှာ ထိရောက်တဲ့ သောက်စရာတစ်မျိုးဖြစ်ပါတယ်။ Green Tea မှာ Theanine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်ဓာတ်တွေများစွာပါဝင်ပြီး Theanine ဓာတ်က စိတ်ဖိစီးမှုတွေကို အလျင်မြန်ဆုံး လျော့ကျသက်သာစေပြီး စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ ဒါကြောင့် Green Tea ကို ကော်ဖီနဲ့ အရက်ယာမကများအစားထိုးအနေနဲ့ နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။

(၂) အမဲရောင်ချောကလက်

Source : Popsugar

စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေကို လျော့ချပေးတဲ့ အကောင်းဆုံးအစားအစာတစ်ခုက အမဲရောင်ချောကလက်ပဲဖြစ်ပါတယ်။ ချောကလက်မှာပါဝင်တဲ့ Polyphenols ဓာတ်က စိတ်ဖိစီးမှုကိုလျော့ချပေးတဲ့အပြင် စိတ်ပျော်ရွှင်မှု စိတ်ခံစားမှုကိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ချောကလက်မှာ မဂ္ဂနီစီယမ်ဓာတ်တွေလည်းကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ကျရောဂါဝေဒနာကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

(၃) ဒိန်ချဉ်

Source : istock

ဒိန်ချဉ်ဟာ ဦးနှောက်ရဲ့ကျန်းမာရေးအပေါ် ကောင်းကျိုးတွေများစွာသက်ရောက်စေတဲ့ အစာအစားတစ်ခုဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဒိန်ချဉ်ကဲ့သို့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေဟာ စိုးရိမ်စိတ် စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေကို ကာကွယ်ပေးပြီး စိတ်ပျော်ရွှင်ခြင်းတွေကို တိုးပွားစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အချိန် ဒိန်ချဉ်တစ်ခွက်လောက် သောက်သုံးပေးသင့်ပါတယ်။

(၄) နနွင်း

Source : Times of India

မီးဖိုချောင်အတွက်မပါမဖြစ်တဲ့ ဟင်းခတ်အမယ်တစ်မျိုးဖြစ်တဲ့ နနွင်းဟာဆိုရင် ကျန်းမာရေးအတွက် လွန်စွာအထောက်အကူဖြစ်စေတဲ့ ဆေးဖက်ဝင် စားစရာတစ်မျိုးဖြစ်ပါတယ်။ နနွင်းမှာ ပါဝင်တဲ့ Curcumin ဓာတ်က စိတ်ဖိစီးခြင်းနှင့် စိုးရိမ်ပူပန်မှုလွန်ကဲတဲ့စိတ်တွေကို လျော့ချပေးပါတယ်။ နနွင်းကို ဟင်းချက်ရာမှာဖြစ်စေ နွားနို့နဲ့ဖြစ်စေ ရောပြီး စိတ်ဖိစီးမှုခံစားရတဲ့အချိန်တွေမှာ သုံးဆောင်ပေးနိုင်ပါတယ်။