စိတ်ပျော်ရွှင်ခြင်းကို အစားအသောက်တွေကရနိုင်ပါတယ်။ လေ့လာမှုတွေအရ တချို့သောအစားအစာဟာ ဦးနှောက်စွမ်းဆောင်ရည်ကိုမြင့်တက်စေပြီး စိတ်ခံစားမှုကောင်းမွန်စေကာ ပျော်ရွှင်တဲ့ခံစားမှု စိတ်သက်တောင့်သက်သာဖြစ်မှု စတဲ့ကောင်းမွန်တဲ့အကျိုးရလဒ်တွေကို ပေးစွမ်းပါတယ်။ ဒီတစ်ခေါက်မှာပြောပြမှာက သင့်ရဲ့စိတ်ကိုပျော်ရွှင်စေမယ့် အစားအစာတွေအကြောင်းပါ။

(၁) ဆယ်လ်မွန်ငါး

Source : Real Homes

ဆယ်လ်မွန်ငါးစားသုံးခြင်းဖြင့် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓါတ်တွေနဲ့ အိုမီဂါ ၃ ကဲ့သို့ကျန်းမာတဲ့ အဆီဓါတ်တွေကို ကြွယ်ကြွယ်ဝဝရရှိစေပါတယ်။ အိုမီဂါ ၃ က လူတွေရဲ့စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး စိတ်မပျော်ရွှင်ခြင်း စိုးရိမ်ပူပန်စိတ်များခြင်း စတဲ့အခြေအနေတွေမှ လွတ်ကင်းစေနိုင်ပါတယ်။

(၂) ပျားရည်

Source : Parents

ပျားရည်ကရတဲ့အချိုဓာတ်က သကြားထက်ပိုပြီး ကျန်းမာရေးနဲ့ညီညွတ်ကာ စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ပျားရည်မှာပါဝင်တဲ့ kaempferol နှင့် quercetin လို့ခေါ်တဲ့ ဓာတ်တွေက စိတ်ကျခြင်းကိုကာကွယ်ပေးပြီး ဦးနှောက်စွမ်းဆောင်ရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်တဲ့အခါ စိတ်ဖိစီးမှုများနေတဲ့အခါမျိုးမှာ ပျားရည်အနည်းငယ်စားပေးရုံနဲ့ သင့်ရဲ့စိတ်ခံစားမှုကို ပြန်လည်တိုးတက်ကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။

(၃) ဒိန်ချဉ်

Source : Healthline

ဒိန်ချဉ်မှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ကိုယ့်ခံအားစနစ်ကို ထူးခြားကောင်းမွန်စေတဲ့ probiotics များအများအပြားပါရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓာတ် ကယ်လ်ဆီယမ်ဓာတ်များလည်းပါဝင်တာကြောင့် အရိုးအဆစ်နှင့် ကြွက်သားများကို သန်မာစေမှာဖြစ်ပါတယ်။ ဒိန်ချဉ်ဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်အတွက်လည်း အထောက်အပံ့ဖြစ်စေတဲ့ ကျန်းမားရေးဓာတ်စာတစ်မျိုးဖြစ်ပါတယ်။

(၄) ချောကလက်

Source : The Economic Times

ကျန်းမာရေးနှင့်ညီညွှတ်ပြီး ကလေးရောလူကြီးပါ ကြိုက်နှစ်သက်တဲ့အစားအစာတစ်ခုက ချောကလက်ပါ။ အဓိကအားဖြင့် အမဲရောင်ချောကလက်ဟာ ကျန်းမာရေးအတွက် ပိုကောင်းပြီး အမဲရောင်ချောကလက်မှာပါဝင်တဲ့ phenylethylamine က ဦးနှောက်ရဲ့ endorphins ဟော်မုန်းဓာတ်ထုတ်လုပ်မှုကို တွန်းအားဖြစ်စေတာကြောင့် စိတ်တည်ငြိမ်ခြင်း လန်ဆန်းတက်ကြွခြင်း ပျော်ရွှင်ခြင်းတွေကို ခံစားရစေတာဖြစ်ပါတယ်။

(၅) ဘယ်ရီးသီး


Source : Modern Farmer

စိတ်ပျော်ရွှင်စေတဲ့ အစားအစာတွေထဲမှာ ဘယ်ရီးသီးတွေက ထိပ်ဆုံးကပါဝင်ပါတယ်။ စတော်ဘယ်ရီ ဘလူးဘယ်ရီ ရက်စ်ဘယ်ရီးကဲ့သို့ ဘယ်ရီသီးတွေမှာ anthocyanidins နဲ့ anthocyanins ဓာတ်များပါဝင်ပြီး ၎င်းဓာတ်တွေက စိတ်ကျခြင်း နှင့် စိတ်ဖိစီးမှုဒဏ်တွေကိုလျော့နည်းစေပြီး စိတ်ကိုပျော်ရွှင်လန်းဆန်းစေပါတယ်။