လကုန်ရက်နီးလာလေ ငွေကြေးအခက်အခဲပြဿနာက ပိုပြီးခက်ခဲကျပ်တည်းလာလေပါပဲလို့ အများစုညည်းတွားတက်ကြပါတယ်။ ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဝန်ထမ်းအများစုကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ ဒီနေ့တော့ လစဉ်လတိုင်းကြုံတွေ့နေရတဲ့ ငွေကြေးအခက်အခဲ အခက်အခဲတွေကို ပြေလည်သွားစေဖို့ လိုက်နာသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) စီမံခန့်ခွဲမှု

Source : US News Money

ငွေကြေးပြဿနာပြေလည်ဖို့ ပထမခြေလှမ်းက ကိုယ့်ရဲ့ အသုံးစရိတ်ကိုစီမံခန့်ခွဲခြင်းဖြစ်ပါတယ်။မဖြစ်နေအသုံးပြုရမယ့် အဆောင်ခ မီတာခ ထမင်းစရိတ်စတဲ့ တစ်လတာထွက်ဝင်တွေအတွက် အရင်ဆုံးစရင်းပြုစုပါ။နောက်တစ်ဆင့်အနေနဲ့ တစ်ကိုယ်ရည်အသုံးစရိတ် အတွက် တစ်နေ့တာ ပျှမ်းမျှကုန်ကျမယ့်ငွေကို ထပ်မံ စာရင်းလုပ်ပါ။ ကိုယ်ရဲ့တစ်လတာအသုံးစရိတ်တွေကို သေချာစာရင်းပြုစုထားခြင်းဖြင့် အပိုငွေကုန်ကျမှု သက်သာပြီး ငွေကြေးပြဿနာကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

 

(၂) ​ဝင်ငွေထွက်ငွေ

Source : Pinterest

ပိုက်ဆံသုံးတော့မယ်ဆိုရင် အဓိကအားဖြင့် ကိုယ်ရှာနိုင်တဲ့ ငွေပမာဏထက် ပိုမသုံးမိဖို့ကို သတိပြုရပါမယ်။ ပိုက်ဆံဆိုတာ သုံးနေတဲ့အချိန်မှာ သိပ်ကိုအရသာရှိသ လောက်ပြန်ရှာဖို့တော့ အင်မတန်ခက်ခဲပါတယ်။ဒါကြောင့် ကိုယ်တကယ်ရှာနိုင်တဲ့ ဝင်ငွေပမာဏထက် လျော့နည်းပြီး သုံးဖို့ ကိုယ်ကိုယ်ကိုကန့်သတ်ထားမယ်ဆိုရင် လစဥ်လတိုင်း ငွေကြေးအကျပ်အ တည်းပြဿနာမှ လွတ်မြောက်မှာသေချာပါတယ်။

(၃) အကြွေး

Source : Finance Friday

​ငွေရေးအခက်အခဲဖြစ်လာတဲ့အခါ အလွယ်ကူဆုံးဖြေရှင်းကြတဲ့ နည်းလမ်းတစ်ခုက အကြွေးယူတာပါပဲ။အ​ကြွေးယူတဲ့ပိုက်ဆံဟာ လောလောဆယ် ပြဿနာကိုဖြေရှင်းပေးနိုင်ပေမယ့် နောက်ပိုင်းမှာ လက်ရှိအခြေအနေထက်နှစ်ဆ ဆိုးတဲ့ငွေကြေးကျပ်တည်းမှု ပြဿနာရဲ့ အရင်းအမြစ်လို့ဆိုနိုင်ပါတယ်။လစဥ်ဆပ်ရတဲ့ငွေကြေးနဲ့ အတိုးပမာဏတွေက အကြွေးသံသရာကိုရှည်ကြာစေနေမှာဖြစ်တာကြောင့် အတက်နိုင်ဆုံးအကြွေးကင်းအောင်နေသင့်ပါတယ်။