ခံတွင်းအနံ့က ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်တက်ခြင်း ၊ ယုံကြည်မှု လျော့ကျခြင်း အပေါ်အများကြီးသက်ရောက်မှု ရှိစေပါတယ်။ သွားနဲ့ ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းဖို့ဆိုတာ ထင်သလောက်မခက်သလို မေ့လျော့ပေါ့ဆလည်း မနေသင့်ပါဘူး။ ဒီတစ်ခေါက်မှာတော့ မကောင်းတဲ့ ခံတွင်းအနံ့အသက်တွေကို ရှင်းထုတ်ပေးပြီး သင်းပျံ့တဲ့ခံတွင်းရနံ့ ပိုင်ရှင်မျိုးဖြစ်စေမယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) စနစ်တကျသွားတိုက်ပါ

Source : The Good Men Project

သွားတိုက်တဲ့အခါ စနစ်တကျတိုက်ပေးပါ။ ဖြစ်နိုင်ရင် အစားစားပြီးတဲ့အခါ အလွယ်တကူသုံးဖို့ သွားတိုက်တံတစ်ချောင်းဆောင်ထားပါ။ အထူးသဖြင့် အသားပါဝင်တဲ့အစားအသောက်တွေစားပြီးတဲ့အခါ ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးကိုသုံးပြီး သွားတိုက်ပေးပါ။ အနည်းဆုံး တစ်နေ့နှစ်ကြိမ်ခန့် စနစ်တကျသွားတိုက်ပေးပါ။

(၂) ပါးစပ်မခြောက်အောင်သတိပြုပါ

Source : Freepik

ပါးစပ်ကို မခြောက်သွေ့အောင် ရေများများ သောက်ပါ ။ ကော်ဖီ၊ အချိုရည်၊ အရက်သောက်တာမျိုးရှောင်ပါ။ ဆေးလိပ်သောက်ခြင်းရှောင်ကြဉ်ပါ။  ခံတွင်းထဲက တံတွေးဂလင်းတွေကို လှုံဆော် ပေးဖို့ ပီကေဝါးတာ၊ အချိုပါဝင်မှုနည်းတဲ့ သကြားလုံးငုံဆေးလို စားပေးပါ။

(၃) လျှာကိုပါ ပွတ်တိုက်ပေးပါ

Source : Healthline

သင့်ရဲ့လျှာမှာ ဘတ်တီးရီးယားတွေအများကြီးကပ်ညှိနေတတ်ပါတယ်။ ဒါ့ကြောင့်သွားတိုက်တဲ့အခါ သင့်ရဲ့လျှာကိုပါတိုက်ပေးတာက ဘတ်တီးရီးယားတွေကိုဖယ်ရှားပြီး ခံတွင်းနံ့ကိုကောင်းစေပါတယ်။ ဆေးလိပ် ဆေးရွက်ကြီးအသောက်များတဲ့သူတွေဆိုရင် လျှာကိုပိုပြီးသေချာဂရုတစိုက် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

(၄) ခံတွင်းသန့်စင်ဆေးရည်ဆောင်ပါ

Source : Medical News Today

အကယ်၍အနံ့ပြင်းတဲ့ အစားအစာတွေ ကော်ဖီနဲ့ သကြားပါဝင်မှုများလွန်းတဲ့ အစားအသောက်တွေစားပြီးတိုင်းမှာ ခံတွင်းသန့်စင်ဆေးရည်အသုံးပြုပေးပါ။ အကောင်းဆုံးကတော့ ခံတွင်းအနံ့ဆိုးစေတဲ့ အစားအစာတွေကိုရှောင်နိုင်ရင်တော့ သင့်ရဲ့ခံတွင်းအနံ့က ဆိုးဆိုးရွားရွားဖြစ်မှာမဟုတ်တော့ပါဘူး။