ဘဝမှာ ကြင်နာမှု၊ လက်ဆောင်၊ အခွင့်အရေး ဒါမှမဟုတ် အကူအညီတစ်ခုခုကိုသင်ရလိုက်တဲ့အခါ အဲ့ဒီတစုံတခုကို အသိအမှတ်ပြုလက်ခံပြီး ကောင်းသောတုံံ့ပြန်မှုလုပ်တာကို ကျေးဇူးတင်တတ်တဲ့ စိတ်ရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ ကျေးဇူးတင်တတ်တဲ့ စိတ်ဆိုတာ စိတ်ခံစားမှုတခုပါ။ စိတ်ပညာစမ်းသပ်ချက်တွေအရ ဘဝကို ကောင်းစွာရှင်သန်နိုင်ဖို့ ဘဝကိုကျေးဇူးတင်တတ်တဲ့စိတ်က အရေးကြီးဆုံးအခြေခံလိုအပ်ချက်လို့ ဆိုပါတယ်။ သင့်အနေနဲ့ဘဝမှာ တွေ့ကြုံရတဲ့အဖြစ်အပျက်တွေ၊ လူတွေအားလုံးကိုကျေးဇူးတင်တဲ့စိတ်ထားတဲ့အခါ ပိုပျော်ရွှင်လာပါလိမ့်မယ်။
(၁) ကျေးဇူးတင်တတ်တဲ့စိတ်က အကောင်းမြင်တတ်တဲ့ အလေ့အကျင့်ကို ရစေတယ်

Source : Wix.com
သင့်အနေနဲ့ ဘဝမှာတွေ့ကြုံရတဲ့စိန်ခေါ်မှုတွေ၊ အခက်အခဲတွေအားလုံးကိုအရှိအတိုင်းလက်ခံလိုက်တဲ့အခါ ပိုရင့်ကျက်သွားသလို အကောင်းမြင်စိတ်လည်းပိုအားကောင်းလာတာတွေ့ ရပါလိမ့်မယ်။ ဒါက သင့်အနေနဲ့ သင့်ဘဝကို ကျေးဇူးတင်တဲ့စိတ်ကို နေ့စဥ်လေ့ကျင့်တဲ့အခါ ရရှိလာမယ့် အကောင်းဆုံးရလဒ်ပါပဲ။ နောက်တစ်ခုက ကျေးဇူးတင်တဲ့စိတ်ဆိုတာ သင့်မှာမရှိတဲ့အရာတွေ အကြောင်းပဲစဥ်းစားမနေဘဲ သင့်မှာရှိတဲ့အရာတွေအတွက် ဝမ်းသာပျော်ရွှင်တာဖြစ်ပါတယ်။
(၂) စိတ်ဖိစီးမှု နည်းသွားတဲ့အတွက် ကောင်းစွာအိပ်ပျော်စေတယ်

Source : Dissolve
ညတိုင်း ၅ မိနစ်ခန့် အိပ်ရာမဝင်ခင်မှာ တစ်နေ့တာအတွက် ဘယ်လိုကောင်းတဲ့အရာတွေကြုံခဲ့ရတယ်ဆိုတာ ပြန်စဥ်းစားတာက စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ ဥပမာ မနက်စာကောင်းကောင်းစားတာ၊ အိပ်ရာစောစောထတာ၊ လေ့ကျင့်ခန်းလုပ်ဖြစ်တာစတဲ့ အသေးစိတ်လေးတွေကိုပါ ထည့်လို့ရပါတယ်။ ဒီလိုတွေးတာက သင့်ရဲ့ မသိစိတ်ထဲမှာမကောင်းတဲ့အတွေးတွေပဲ ကျန်မနေအောင် သင့်ကိုယ်သင်ပြန်သတိပေးရာ ရောက်သလို စိတ်ဖိစီးမှုလျော့နည်းပြီး ကောင်းစွာအိပ်ပျော်စေပါတယ်။
(၃) အလုပ်ပိုပြီး မြောက်စေတယ်

Source : 123RF.com
သင့်ဘဝမှာ ကြုံလာသမျှအရာတွေအားလုံးကို ကျေးဇူးတင်တဲ့စိတ်ရှိတဲ့အခါ နောက်ထပ်ဘာတွေကြုံတွေ့ရ မလဲဆိုတာ ဘဝကို စိတ်လှုပ်ရှားမှုအပြည့် ရှိလာပါလိမ့်မယ်။ ဒါကသင့်ကို ရှေ့ဆက်လျှောက်လှမ်းဖို့ ခွန်အားတွေရစေသလို သင်လုပ်တဲ့အရာတိုင်းကို ပိုကောင်းအောင်လုပ်နိုင်လာပြီး ဆုံးဖြတ်ချက်တွေချတဲ့ နေရာမှာ လဲပိုမြန်လာပါတယ်။ လေ့လာချက်တွေအရ ဘဝကိုကျေးဇူးတင်တတ်တဲ့သူတွေဟာ သူတို့လုပ်ချင်တဲ့အလုပ်တွေ ကို ပိုကောင်းမွန်ပြီးမြောက်အောင်လဲလုပ်နိုင်ကြတယ်လို့ဆိုပါတယ်။
(၄) စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်စေတယ်

Source : Freepik
ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့ Gym သွားကြတယ်ဆိုရင် ကျေးဇူးတင်တတ်တဲ့ စိတ်ထားတာက Gym သွားစရာမလိုဘဲ သင့်စိတ်နဲ့ခန္ဓာကို ပိုကျန်းမာလာစေတဲ့ နည်းလမ်းတစ်ခုဆိုလည်း မမှားပါဘူး။ လေ့လာမှုတခုအရ သူတို့ဘဝမှာရှိတဲ့အရာတွေကို ကျေးဇူးတင်တတ်တဲ့ လူတွေမှာ ဦးနှောက်ကထွက်တဲ့ဟော်မုန်းတစ်မျိုးကြောင့် စိတ်ခံစားမှုကိုကောင်းစေပြီး စိတ်ဖိစီးမှုလျော့နည်းသွားတဲ့အတွက် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ဘဝကို ကျေနပ်ပျော်ရွှင်မှုကိုခံစားရပါတယ်။
