တချို့သောအမှားတွေက မပြောပလောက်ပေမယ့် သင်တို့ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ဆိုးရွှားစွာထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ သင်ကိုယ်တိုင်သတိမထားမိတဲ့ အမှားတွေက တစ်ဖက်လူတွေအတွက် ထိခိုက်နစ်နာစေတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့်ဒီတစ်ခေါက်မှာတော့ Relationship တစ်ခုတည်ဆောက်ရာမှာ ရှောင်နိုင်လေကောင်းလေဆိုတဲ့ အမှားတွေအကြောင်းပြောပြပေးသွားမှာပါ။
(၁) တစ်ကိုယ်ကောင်းဆန်ခြင်း

Source : Verywell Mind
ကိစ္စတိုင်းမှာ ကိုယ့်ရဲ့လိုအင်ဆန္ဒကိုရှေ့တန်းတင်တက်ခြင်းက ချစ်သူရည်းစားဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ညှိနှိုင်းရမယ့်အခြေအနေတွေ ဆွေးနွေးတိုင်ပင်ရမယ့်အခြေအနေတွေမရှိဘဲ တစ်ဖက်လူရဲ့ ဆန္ဒကိုအမြဲလိုက်ရောနေရမယ်ဆိုရင် အချိန်ကြာလာတာနဲ့ စိတ်ပျက်ခြင်းတွေဖြစ်လာစေနိုင်ပါတယ်။
(၂) မလိုအပ်ဘဲပွားခြင်း

Source : Dreamstime
ဘယ်အရာမဆို နည်းနည်းလေးပွားလိုက်ရမှ ကျေနပ်တဲ့သူတွေရှိပါတယ်။ တကယ်တော့ ပွားတာ အလိုမကျဖြစ်တာတွေက အကျင့်တစ်ခုလို မလိုအပ်ဘဲလုပ်နေမိမယ်ဆိုရင်တော့ ဒါဟာ သင့်တို့ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။ ဒီတော့ ကိုယ့်ချစ်သူအပေါ် အပြစ်မတင်ခင် မပွားခင်မှာ တကယ်ပဲပြောဖို့လိုအပ်တဲ့ အကြောင်းအရာတစ်ခုလားဆိုတာ အရင်ဆုံးကိုယ့်ကိုယ်ကို မေးမြန်းဆန်းစစ်သင့်ပါတယ်။
(၃) ကိုယ်ပိုင်အချိန်မထားခြင်း

Source : Freepik
ချစ်သူရည်းစားတွေမှာ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ဂရုစိုက်ခံချင်ကြတာ သဘာဝပါပဲ။ သို့သော်လည်း ကိုယ့်ကိုပဲအချိန်ပေးရမယ့် အမြဲတမ်းကိုယ်နဲ့စကားပြောရမယ် စတာမျိုးတွေကိုတော့ ရှောင်သင့်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်အချိန်ဆိုတာမျိုးတွေရှိသင့်ပါတယ်။ ဒါကြောင့် လိုတာထက်ပိုပြီး ဂရုစိုက်ခံချင်တာ ကိုယ်ပိုင်အချိန်မပေးချင်တာမျိုးတွေ ရှောင်သင့်ပါတယ်။
